ဗီယက်နမ်မှာ ရဲအရာရှိတွေ အဂတိလိုက်စားရင် တိုင်ကြားနိုင်တဲ့ အရေးပေါ်ဖုန်းလိုင်းဖွင့်လိုက်ပြီ

မကြာသေးခင်ကာလတွေကစပြီး အာဆီယံဒေသအတွင်းမှာ ဗီယက်နမ်ရဲ့ အများရှေ့ကို ထိုးထွက်လာတဲ့ ခြေလှမ်း သစ်တွေဟာ အခြားသော အဖွဲ့ဝင်နိုင်ငံတွေအတွက် သတိမထားလို့မရတဲ့ အနေအထားမျိုးဖြစ်လာပါတယ်။ စီးပွားရေး ဦးမော့လာတာနဲ့အမျှ ဗီယက်နမ်စွန့်ဦးထွင်လုပ်ငန်းရှင်တွေဟာ ဒေသတွင်းနိုင်ငံတွေဆီမှာ တစ်စစ အခြေချ ရင်းနှီး မြှပ်နှံမှုတွေ လုပ်နိုင်လာသလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ တိုးတက်လာဖို့နဲ့ ဧည့်သည်တွေပျော်ဖို့ အစစ ပြုပြင်ပြောင်းလဲနေပါတယ်။
တိုင်းပြည်တိုးတက်ရေးကို အဓိကအနှောင့်အယှက်ပေးတာဟာ အကျင့်ပျက်ခြစားမှု ဆိုတာကို သိနားလည်တဲ့ ဗီယက် နမ် ခေါင်းဆောင်တွေဟာ တိုင်းပြည်တွင်းမှာ အကျင့်ပျက်ခြစားမှု၊နဲ့ အဂတိလိုက်စားမှုတွေကို အရေးကြီး ကိစ္စရပ် တွေအဖြစ် အထူးအလေးပေး ဆောင်ရွက်နေပါတယ်။ အခုလည်း ရဲအရာရှိတွေ အဂတိလိုက်စားမှုနဲ့ မမှန်မကန် လုပ်ဆောင်မှုတွေကို တိုင်ကြားနိုင်တဲ့ အရေးကြီးဖုန်းလိုင်းကို ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာနက စတင်ဖွင့်လှစ် လိုက်ကြောင်း ဒီဇင်္ဘာ ၃ ရက်နေ့မနေ့ကထုတ်ပြန်တဲ့ ဗီယက်နမ်သတင်းဋ္ဌာနရဲ့ သတင်းအရ သိရပါတယ်။
အေဂျင်စီတွေ၊အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းက ဗီယက်နမ်ဖုန်းနံပါတ် ၀၆၉၂၃ ၄၂၅၉၃ သို့ ချက်ချင်း တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။ တိုင်ကြားသူတွေဟာ ဗီယက်နမ်လူမျိုးဖြစ်ရမှာဖြစ်ပြီး နာမည်အပြည့်အစုံ၊ လိပ်စာနဲ့ ဖုန်းနံပါတ် တွေအပြည့်အစုံပါရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းဆက်သွယ်တိုင်ကြားသူတွေအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာ ရှိကို စော်ကားပြောဆိုပြီးတိုင်တာ၊ အကျင်ပျက်ခြစားမှု၊ မမှန်မ ကန်လုပ် ဆောင်မှုတွေနဲ့ မပတ်သက်တာတွေကို တိုင်တာဆိုရင် တိုင်ချက်ကို အသိအမှတ်မပြုဘူလို့လည်းသိရပါတယ်။
Source:Vietnam News

Leave a comment

Your email address will not be published. Required fields are marked *