ဗီယက်နမ်ရဲ့ ၂၀၁၈ခုနှစ် GDP ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

ဗီယက်နမ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ယခုနှစ်မှာ 7% အထက်ကို တက်သွားပါတယ်။ ဒါဟာ ကုန်ထုတ်လုပ် မှု ကဏ္ဍရဲ့ အကူအညီကြောင့် ဆယ်စုနှစ်အတွင်းမှာ အမြင့်ဆုံးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အာရှတိုက်မှာ စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးလာတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့၅နှစ်ကျော် လောက် ကတော့ GDP တိုးတက်မှုဟာ 5% လောက်ပဲရှိခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ကုန်ထုတ်မှု ပစ္စည်း တွေ ဖြစ်တဲ့ Nike shoes, H&M Shirts, IT product တွေဖြစ်တဲ့ Samsung ဖုန်းတွေနဲ့ computer သုံး ပစ္စည်းတွေ အမြောက်အမြားကို ဈေးပေါပေါနဲ့ တင်ပို့ခဲ့တာကြောင့် ဆယ်စုနှစ်အတွင်းမှာ အမြင့်ဆုံးသော ကုန်ထုတ်လုပ်မှု ရာခိုင် နှုန်းသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
Hanoi အထွေထွေစာရင်းဇယားဋ္ဌာနက ဒီဇင်ဘာ ၂၇ရက်နေ ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားတွေအရ ယခုနှစ်ရဲ့ တိုး တက်မှုနှုန်းဟာ ကွန်မြူနစ်အစိုးရည်မှန်းထားတဲ့ ယာထားချက် 6.7% ကို ကျော်လွန်သွားပြီးတော့ 7.08% အထိ ရောက်ရှိသွားတယ်လို့သိရပါတယ်။

‘’ နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ အဓိကကျတဲ့ အချက်ဖြစ်ပြီးတော့ 12.98%တိုးတက်မှုနဲ့အတူ နိုင်ငံရဲ့ ဖွံဖြိုး တိုးတက်မှုအတွက် အဓိက တွန်းအားတစ်ခုလည်းဖြစ်ပါတယ်’’ လို့ GSO ရဲ့ အကြီးအကဲ Nguyen Nich Lam က ပြောပါတယ်။
ဒါ့အပြင်သူက ဗီယက်နမ်စီးပွားရေးဟာ နိုင်ငံရဲ့ အကြီးမားဆုံး ပုဂ္ဂလိကပိုင် VinGroup ရဲ့ ကုမ္ပဏီခွဲတွေဖြစ်တဲ့ Vanfast အပါအဝင် ပြည်တွင်းကားထုတ်လုပ်မှုကုမ္ပဏီ စီမံကိန်းတွေနဲ့အတူ နောက်နှစ်အထိ ခိုင်ခိုင်မာမာရှိနေဦး မယ်လို့ မျှော်လင့် ကြောင်းဆိုပါတယ်။
Vingroup ရဲ့အချမ်းသာဆုံး သူဌေး Pham Nhat Vuong က အကျိုးအမြတ်များတဲ့ ဈေးကွက်အစိတ်အပိုင်း တစ်ခုကို ရဖို့ ဗီယက်နမ်နိုင်ငံထုတ် ပထမဆုံးသောဖုန်းအမျိုးအစားကို ထုတ်လုပ်ဖို့ရာ အားစိုက်ထုတ်နေတယ်လို့ လှစ်ဟပြော ခဲ့ပါ တယ်။
သို့သော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများ တစ်စတစ်စ ပြင်းထန်လာတဲ့အတွက် ဗီယက်နမ် ဟာ သူ့ကိုယ်သူမကာကွယ်နိုင်ခဲ့ဘူးဆိုရင် နောက်နှစ်နှစ်ကျော်လောက်မှာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးဟာ တဖြည်း ဖြည်း ကျဆင်းလာလိမ့်မယ်လို့ ကမ္ဘာဘဏ်က ဟောကိန်းထုတ်ခဲ့ပါတယ်။
‘စီးပွားရေးဖွင့်လှစ်လိုက်တဲ့အတွက် ဗီယက်နမ်ဟာ အလိုက်သင့်တုန့်ပြန်နိုင်တဲ့ ငွေရေးကြေးရေးမူဝါဒကို ထိန်းသိမ်းဖို့ လို အပ်တဲ့အပြင်၊ ငွေကြေးလဲလှယ်မှုနှုန်းကို ပြောင်းလွယ်ပြင်လွယ်ရှိဖို့နဲ့ ရုတ်တရက်ဖြစ်လာနိုင်ချေရှိတဲ့ အရာတွေကို ခံနိုင်ရည်ရှိဖို့နဲ့ ဘဏ္ဍာရေးလိုငွေကို လျော့ချဖို့ လိုတယ် ” လို့ ဗီယက်နမ်နိုင်ငံဘဏ်အကြီးအကဲ စီးပွားရေးပညာရှင် တစ်ဦးဖြစ်တဲ့ Sebastian Eckardt က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားက တင်းမာခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ဝါရှင်တန်နဲ့ ဘေဂျင်းတဝိုက်မှာ ပဲ့တင်ခတ်ခဲ့တဲ့အပြင် $300 Billion တန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေကို အပြန်အလှန်အခွန်တွေကောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီလအစောပိုင်းလောက်က ရက် ၉၀ ကြာ အငြင်းပွားမှုကိုရပ်စဲလိုက်ပြီးတဲ့နောက်မှာ နှစ်ဦးနှစ်ဖက် ဆက်ဆံ ရေးက ပိုပြီးကောင်မွန်လာခဲ့ပါတယ်။

Souce: CNA

Leave a comment

Your email address will not be published. Required fields are marked *