ဗောက်ပြဿနာ ကိုဘယ်လိုဖြေရှင်းမလဲ???

ဆောင်းတွင်းမှာ ဦးရေပြားပိုမိုခြောက်သွေ့တာကြောင့် ဗောက်ပြဿနာကိုလည်း ပိုမိုခံစားရပါလိမ့်မယ်။ ဗောက်ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းတွေရှိတာကြောင့် လေ့လာကြည့်ရအောင်။

မုန့်ဖုတ်ဆိုဒါ

ဆံပင်တွေကို ရေစွတ်ပြီး မုန့်ဖုတ်ဆိုဒါကို ဦးရေပြားပေါ်မှာ လိမ်းပေးပါ။ မုန့်ဖုတ်ဆိုဒါက ဗောက်ဖြစ်စေနိုင်တဲ့ မှိုစွဲကပ်ခြင်းကို လျော့ကျစေပါတယ်။

Apple cider vinegar

Apple cider vinegar က ဦးရေပြားရဲ့ pH ပမာဏကို ပြောင်းလဲပေးနိုင်တဲ့အပြင် ဗောက်ထခြင်းကို သက်သာစေပါတယ်။

ခံတွင်းသန့်စင်ဆေးရည်

ပုံမှန်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးတဲ့အခါမှာ ခံတွင်းသန့်စင်ဆေးရည်နဲ့ ဦးရေပြားပေါ်ကို လိမ်းပေးပါ။ ခံတွင်းသန့်စင်ဆေးရည်ကလည်း ဗောက်ထခြင်းကို သက်သာစေပါတယ်။

အုန်းဆီ

ခေါင်းမလျှော်ခင်မှာ ဆံပင်ကို အုန်းဆီလိမ်းပြီး တစ်နာရီလောက်ထားပါ။ ပြီးမှ ခေါင်းလျှော်ပါ ဗောက်ထတာ သက်သာသွားပါလိမ့်မယ်။

သံပုရာသီး

သံပုရာသီးက ဦးရေပြားရဲ့ pH ပမာဏကို မျှတစေရုံသာမက ဗောက်ထခြင်းကိုလည်း သက်သာစေပါတယ်။ သံပုရာသီးရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပါ။ ဗောက်များကင်းရှင်းသွားပါလိမ့်မယ်။

အိမ်သုံးဆား

ခေါင်းမလျှော်ခင် ဆားနဲ့ ဦးရေပြားကို နှိပ်နယ်ပေးတာက ဗောက်တွေကို ကွာကျစေတာကြောင့် ဗောက်ပြဿနာတွေကို လျော့ကျစေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *