ဘင်္ဂလားဒေ့ရှ်မှ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်သွားမည်ဟု ထုတ်ပြန်

ထောင်နဲ့ ချီတဲ့ ဘင်္ဂလီတွေ ဟာ မြန်မာပြည်က နေထပ်မံ ထွက်ခွာသွားဖို့ ရှိနေပါတယ် လို့ UN ကဆိုပါတယ်။ အရင်တုန်းက လည်း UN ကနောက်ထပ်ထွက်ခွာလာဖို့ရှိတဲ့ နှုန်းတွေမြင့်တက်လာတာကို သတိပေးချက် ထုတ်ပြန်ထားခဲ့တာရှိပါတယ်။ မြန်မာပြည်ကနေ ဒုက္ခသည်တွေအများ အပြားထွက်ပြေးလာတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ UN က ခိုလှုံနေတဲ့သူတွေကို စိတ်အရင်းခံနဲ့ ပြောကြားလိုက်ပါတယ်။

UN က မြန်မာ စစ်တပ်ကို တိုင်းရင်းသား ရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်စွပ်စွဲထားပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှု ဖြိုခွင်းမှု ကြောင့် လွန်ခဲ့တဲ့ ခြောက်ပတ်လောက် က လူဦးရေ ၅၁၅၀၀၀ ဟာ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို ထွက်ပြေးခဲ့တယ်လို့ UN က ပြောထားပါတယ်။

UN အသင်း ငယ်တစ်ခုဟာ ၄င်း နေရာကို သွားရောက်ခဲ့ ပြီး ဒီလိုခံစားနေရတာဟာ စိတ်ကူးကြည့်ရင်တောင် မတွေးရဲစရာဖြစ်တယ်လို့ ဆိုပါတယ်။ UN ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရုံးက အကြီးအကဲဖြစ်သူ မာက့် လိုးကွတ်က “မြန်မာ ပြည်က ထွက်ပြေးလာသူတွေဟာ အခုချိန်အထိရပ်တန့်မှုမရှိသေးပါဘူး။ နောက်ထပ်ထွက်ပြေးလာမယ့် သူတွေအတွက် လုံလောက်တဲ့အကူအညီတွေ ပေးနိုင်အောင် ကျွန်တော်တို့ဘက်က အသင့်အနေအထားမှာ ရှိနေချင်တယ်လို့” ပြောပါတယ်။ “ သန်းတစ်ဝက်လောက်သော လူတွေက တုတ်တစ်ချောင်းတောင် ကောက်မလာခဲ့ပဲ ရုတ်တရက်ဖြစ်လာတဲ့ အပြောင်းအလဲကြောင့် ထွက်ပြေးလာသူတွေပါ။”

နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ ရဲ့ ခန့်မှန်းထားချက်အရ ၂ ထောင်လောက်ရှိတဲ့ ခိုလှုံသူတွေက နေ့စဉ်နေ့တိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာတယ်လို့ပြောပါတယ်။ အကျိုးဆောင်တွေက အစာရေစာ ပြတ်လပ်မှုအတွက် အရေးအခင်းဖြစ်ပွားနေတာကို သတိပေးချက်ထုတ်ပြန်ထားပြီး ၂၈၁၀၀၀ လူဦးရေအတွက် အရေးပေါ်အစာရေစာထောက်ပံ့ဖို့လိုအပ်နေပြီး ထိုထဲမှာမှ ၁၄၅၀၀၀ လူဦးရေဖြစ်တဲ့ ငါးနှစ်အောက် ကလေးတွေလည်း ပါဝင်ပါတယ်။ WHO က ကလေးငယ်တွေမှာ ကာလ၀မ်းရောဂါက အဓိက ရင်ဆိုင်နေရတဲ့ ပြသနာဖြစ်တယ်လို့ဆိုပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် ရက်သတ္တပတ်မှာ တစ်ခါသောက် ဆေးအလုံးရေ ၉၀၀၀၀၀ လောက်ဟာ ၄င်းဒေသကို ရောက်ရှိလာမှာပါ။ မစ္စတာ လိုးကွတ် က ရခိုင်ပြည်မြောက်ပိုင်း က အခင်းဖြစ်ပွားတဲ့နေရာမှာ လူသားချင်းစာနာတဲ့အကူအညီတွေပေးအပ်တာ လက်ခံနိုင်စရာမရှိပါဘူးလို့ပြောပါတယ်။

ဒီလို အစုလိုက်အပြုံလိုက် မြန်မာပြည်ကနေ ထွက်ပြေးကြတာဟာ ရပ်တန့်သွားနိုင်မယ့် လက္ခဏာမရှိတဲ့အတွက် ပြီးခဲ့ အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့အကြီးဆုံးဒုက္ခ သည်စခန်းကို တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့ဟာ နယ်စပ်မြို့ဖြစ်တဲ့ ကော့ဇက်ဘဇား ပြည်နယ်မှာ ဒုက္ခသည် ခိုလှုံဖို့ စခန်းကို တိုးချဲ့သွားဖို့စီစဉ်နေပြီး လူဦးရေ ၈ သိန်း ၀န်းကျင်လောက်ကို နေရာထိုင်ခင်း ပေးသွားနိုင်မှာဖြစ်ပါတယ်။

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *