ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး Bangabandhu-1 စီးပွာရေးဂြိုလ်တု

Bangabandhu-1 လို့ အမည်ပေးထားတဲ့ စီးပွားရေးဂြိုလ်တုကို လာမယ့် မတ်လမှာ ဘင်္ဂလားဒေ့ရ်နိုင်ငံက အာကာသထဲ လွှတ်တင်တော့မယ်လို့ကြေငြာလိုက်ပါတယ်။

ထိုဂြိုလ်တုကို နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားပြီး ဘင်္ဂလားဒေ့ရ် အစိုးရ၏ စီးမံကိန်းတစ်ခုဖြစ်ကာ ဘင်္ဂလားဒေ့ရ်တာကာ ၂၉၆၇ ကုဋေလောက်ကုန်ကျခဲ့ပြီး အပြင်ပိုင်း ပုံသဏ္ဍကို ပြင်သစ်က တည်ဆောက်ပေးတာဖြစ်တယ်လို့သိရပါတယ်။

ထိုစီးပွားရေးဂြိုလ်တု တည်ဆောက်မှုသည် ပြီးခဲ့တဲ့ တစ်ပတ်က အားလုံးပြီးစီး၍ လာမည့် မတ်လမှာလွှတ်တင်ရန် အမေရိကန်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ်ရောက် ဘင်္ဂလားဒေ့ရ် ဆက်သွယ်ရေး အာဏာပိုင် ကော်မရှင် (BTRC)ဥက္ကဌ ရှားဂျဟန်း မဟ်မူဒ်က ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရ်နိုင်ငံသည် နိုင်ငံခြား အော်ပရေတာတွေကနေ ဂြိုလ်တုဆက်သွယ်ရေးကို ဝယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။

Bangabandhu-1သည် သက်တမ်းအားဖြစ် ၁၅နှစ် ရှိမှာဖြစ်ပြီး ဝန်ဆောင်မှုပေးနိုင်တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ၊တာ့ခ်မီနစ္စတန် ၊ကာဂျစ်စတန် ၊တာဂျစ်ကစ္စတန်တွေ အပြင် တောင်အာရှနိုင်ငံတွေအားလုံးကို ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။

ထိုဂြိုလ်တုမှ ရရှိလာမယ့်ဝင်ငွေအနေနဲ့က ဆက်သွယ်ရေးလိုင်းရောင်းချမှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ၊အခြားဝန်ဆောင်မှုလုပ်ငန်းတွေကနေ ဒေါ်လာ ၁.၅ ဘီလီယံ ကိုရရှိမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *