ဘင်္ဂလား-မြန်မာနယ်စပ်တွင်ချထားသည့် မြန်မာစစ်တပ်အင်အားလျော့ချပေးရန်ဘင်္ဂလားဒေ့ချ်ပြောကြား

င်္ဂလား-မြန်မာနယ်စပ်ရှိ မြန်မာ့စစ်တပ်အင်အားလျော့ချပေးရန်ဘင်္ဂလားဒေ့ချ်ဘက်ကတောင်းဆိုထားပါတယ်။ ဒါကတော့ပြီးခဲ့တဲ့သောကြာနေ့ကနှစ်နိုင်ငံနယ်စပ်ရေးရာသံတမန်တွေတွေ့ဆုံပြီးနောက်ဘင်္ဂလားဒေချ်ဘက်ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာလုံခြုံရေးကိုအကြောင်းပြပြီးဘင်္ဂလားဒေချ်ကိုရန်မူမယ့်လက္ခဏာဟုစွပ်စွဲပြောဆိုမှု့တွေလည်းရှိနေပါတယ်။အဲဒီလို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးချဲ့ချထားတာဟာ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။ အခုလို ဆောင်ရွက်တာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျူးကျော်ဖို့ ရန်စတဲ့လုပ်ရပ် မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ARSA အာဆာအကြမ်းဖက်တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ သတင်းတွေ မိမိတို့ ရရှိထားတဲ့အတွက် ပြင်ဆင်ခြင်းဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။

မကြာသေးမီကာလကစစ်တွေမြို့ဗုံးပေါက်ကွဲခဲ့ပြီးနောက်မြန်မာစစ်တပ်အနေနဲ့ဘင်္ဂလား-မြန်မာနယ်စပ်တစ်လျောက်မှာလုံခြုံရေးတိုးမြှင့်ချထားတယ်လို့AFPသတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *