ဘတ်စ်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၂၇ဦး သေဆုံး

ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အနောက်ဘက် Subang ခရိုင် Cicenang ကျေးရွာတွင် ဘတ်စ်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၂၇ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ယင်း ဘတ်စ်ကားဟာ လူ ၄၅ဦးခန့်ကို သယ်ဆောင်လာပြီး ဆိုင်ကယ်နှင့် တောင်ကုန်းကို တိုက်ကာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ ထိုဖြစ်စဉ်ကြောင့် အနည်းဆုံး ၂၇ဦးသေဆုံးခဲ့ပြီး အခြားသူ ၁၈ဦးတို့မှာ အရိုးကျိုးခြင်းနှင့် ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာတို့ဖြင့် Subang အထွေထွေဆေးရုံကြီး၏ အရေးပေါ်ကုသဆောင်၌ ဆေးကုသမှုခံယူနေရပါတယ်။

ယခုလို ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုတော့ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းလျက်ရှိကြောင်းလည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published.