ဘန်ကောက်ပို့စ် အယ်ဒီတာတစ်ဦးကို ရာထူးမှထုတ်ပယ်

ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ ဘန်ကောက်ပို့စ် သတင်းစာ ကြီးရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Umesh Pandey ဆိုသူကို ထိုင်းစစ်အစိုးရအပေါ် ဝေဖန်ရေးသား ဖေါ်ပြ တာတွေကို လျှော့ပေါ့ဖေါ်ပြဖို့ ငြင်းဆိုတဲ့အတွက် ရာထူးမှထုတ်ပယ်လိုက်တယ်လို့ The Guardian သတင်း တစ်ပုဒ်အရ သိရပါတယ်။
ဘန်ကောက်ပို့စ် ဒါရိုက်တာအဖွဲ့က Umesh Pandey ကို စစ်အစိုးရရဲ့ လုပ်ဆောင်ချက်သတင်းတွေ၊ သတင်း လွတ်လပ်ခွင့် ဖိနှိပ်ပိတ်ပင်တာတွေ၊ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ဆွဲတာတွေနဲ့ပတ်သက်တဲ့ သတင်းတွေ၊ အယ်ဒီတာ့ အာဘော်တွေကို လျှော့လျှော့ ပေါ့ပေါ့ ရေသားဖို့ တောင်းဆိုခဲ့ကြတယ်လို့ အယ်ဒီတာက Umesh Pandey က ဆိုပါ တယ်။ Pandey က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး ဦးညွတ်မယ့်အစား သူ့ရဲ့ရာထူးကိုပဲ စွန့်လွှတ်မယ်။ နောက်ဆုံးတော့ ၂နှစ် စာချုပ်မပြည့်ခင် ရက် ၆၀ မှာ အလုပ်က ထုတ်လိုက်ပြီပေါ့ လို့ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ သူဟာ လွန်ခဲ့ တဲ့ ၂၀၁၆ ဇူလိုင်မှာစတင်အလုပ်ဝင်ခဲ့ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်ပိုစ့်သတင်းစာ စီမံခန့်ခွဲသူ တွေကတော့ အယ်ဒီတာရာထူးက ဖယ်ရှားခံရတာဟာ အစိုးရနဲ့မသက်ဆိုင်ကြောင်း၊သူ့ရဲ့ စီးပွားရေး အကြောင်းကိစ္စနဲ့ စာချုပ်သက်တမ်းလည်းကုန်ဆုံးခါနီးတဲ့အတွက်ဖြစ်တယ်လို့ The Financial Time ကို ပြောကြောင်း သိရပါတယ်။
ဘန်ကောက်ပိုစ့် ဒါရိုက်တာအဖွဲ့ဟာ ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ပညာရေးလောကမှ ထင်ရှားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး လက်ရှိ အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းလည်းဖြစ်ပါတယ်။ ဒါရိုက်တာအဖွဲ့ဝင် Wuttisak Lapcharoensap ဆိုရင် လွန်ခဲ့တဲ့နှစ်က ပညာရေးဝန်ကြီးဖြစ်လာဖို့ သတင်းပြေးခဲ့သူလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်ဘက်မှအာဏာသိမ်းပြီးကတည်းက သတင်းစာလွတ်လပ်ခွင့်နဲပတ်သက်ပြီး ကန့်သတ် ချက်တွေရှိတယ်ဆိုပြီး သတင်းဆိုးတွေထွက်နေခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ အာဏာသိမ်းပြီး နောက် သတင်းသမားအများအပြားကို အမှန်တရားနဲ့မကိုက်ညီမှု၊ဒါမှမဟုတ် ဘုရင်ကြီးအပေါ်ဝေဖန်မှုဟူသမျှကို ကာကွယ် တဲ့ ဘုရင့်အာဏာဖီဆန်တဲ့ရာဇဝတ်မှုတစ်ခုခုနဲ့ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် Prayut ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းယူခဲ့တာဟာ လာမယ့်မေလ(၂၂)ရက်ဆိုရင် လေးနှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။
ကိုးကား။ The Guardian & The Financial Times

Leave a comment

Your email address will not be published.