ဘယ်လ်ဂျီယံတွင် ရထားတိုက်မှုဖြစ်ပွား

ဘယ်ဂျီယံနိုင်ငံတောင်ပိုင်း Morlanwelzမြို့တွင် ရထားလမ်းဆုံတစ်နေရာ၌ ရထားလမ်းပြင်နေသော အလုပ်သမားများနှင့် ခရီးသည်တင်ရထားတစ်စီးကို ရထားပျက်တစ်စီးက ပြုတ်ထွက်လာပြီး တိုက်မိခဲ့ပါတယ်။

ရထားကုမ္ပဏီတစ်ခုဖြစ်သော Infrabel ကုမ္ပဏီမှ အလုပ်သမားများသည် Morlanwelzမြို့ရှိ ရထားလမ်းဆုံတစ်ခုတွင် ကားတစ်စီးဝင်တိုက်မိသောကြောင့် ပျက်စီးနေသော ရထားလမ်းအားပြန်လည်ပြုပြင်နေစဉ် ပျက်စီးနေသော ရထားတစ်စီး ပြုတ်ထွက်လာပြီး အလုပ်သမားများအားဝင်တိုက်မိခဲ့မိရာ ၂ဦးသေဆုံး ၁ဦးပျောက်ဆုံးနေပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရထားလမ်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။

ထိုရထားပျက်ကြီးသည် အလုပ်သမားများအားတိုက်မိအပြီးတွင် Louviereမြို့အနီးရှိခရီးသည်တင်ရထားတစ်စီးကို ထပ်မံတိုက်မိခဲ့ရာ လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

ဒေသတွင်းရှိ ကယ်ဆယ်ရေးဝန်ထမ်းများနဲ့ ပြင်ပအဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးခဲ့ကြပြီး ရထားမတော်တဆဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်း အတိအကျကို စုံစမ်းသွားမယ်လို့ သိရှိရပါသည်။

Leave a comment

Your email address will not be published.