ဘယ်လ်ဂျီယံ တိုက်လေယာဉ်တစ်စင်း ပျက်ကျသဖြင့် လေယာဉ်မှူး (၂)ဦးလုံး လေထီးဖြင့်ခုန်ထွက်ရာလျှပ်စစ်မီးကြိုးပေါ်သို့ ကျ

စက်တင်ဘာလ (၁၉)ရက် ကြာသပတေးနေ့တွင် ဘယ်လ်ဂျီယံ လေတပ်မှ F-16 တိုက်လေယာဉ်ဟာ စစ်ရေး လေ့ကျ င့်နေစဉ်မှာ စက်ချွတ်ယွင်းပြီး ပျက်ကျခဲ့ပါတယ်။ လေတပ်၏ ပြောပြချက်အရ F-16 တွင် လေယာဉ်မှူး (၂)ယောက် ပါ ဝင်ပြီး ပြင်သစ်ရဲ့ Brittany နယ်မြေရှိ Lorient အနီးတွင် လေထီးဖြင့် ခုန်ထွက်ခဲ့တယ်လို့ သိရှိရပါတယ်။

လေယာဉ်မှူး (၂)ဦးဟာ လေထီးဖြင့်ခုန်ထွက်ခဲ့ရာ 250,000 ဗို့အားရှိတဲ့ လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ပြုတ်ကျပြီး ဓါတ်ကြိုး တွင် ကပ်ငြိခဲ့တယ်လို့ ဒေသတွင်း မီဒီယာများ၏ ထုတ်ပြန်ချက်အရသိရပါတယ်။ သို့သော် လေယာဉ်မှူး(၂)ဦး လုံးကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ လေယာဉ်မှူးများ လေယာဉ်ကိုစွန့်ခွာလိုက်ပြီးနောက် လေ ယာဉ်ဟာဆက်လက်ပျံသန်းသွားပြီး Pluvigner နားရောက်မှ ပျက်ကျခဲ့တယ်လို့သိရပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေ ရာ၏ 50m (164ft) အကွာရှိ နေအိမ်ခေါင်မိုးတစ်ခုလည်း မီးလောင်းသွားခဲ့တယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံလေတပ်၏ တပ်မှူး Frederik Vansina ၏ ပြောပြချက်အရ F-16 တိုက်လေယာဉ်ဟာ Florennes မှ ပြင်သစ်၏ Namur နယ်မြေရှိ Lann-Bihoué လေယာဉ်ကွင်းသို့ စမ်းသပ်ပျံသန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သို့ သော် လေယာဉ်ကွင်းသို့မရောက်မီ 30km (19 miles) အကွာမှာ စက်ချွတ်ယွင်းမှုဖြစ်ပြီး ယခုလို ပျက်ကျခဲ့တာ ဖြစ် ကြောင်း သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *