ဘယ်သူတွေက နေ့မှာ အိပ်သင့်သလဲ

လူသားအပါအဝင် သက်ရှိတွေရဲ့ကျန်းမာရေးအတွက် အိပ်စက်နားနေခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက လူတွေကျန်းမာဖို့ အဓိကလိုအပ်တဲ့ အချက်တွေထဲမှာ အိပ် ရေး၀၀အိပ်စက်ရမယ်ဆိုတာလည်း တစ်ချက်ပါဝင်ပါတယ်။ လူအများစုဟာ ဘဝရေးအတွက် နေ့အခါ ရုန်းကန်လှုပ် ရှားကြရပြီး ညမှာတော့ တစ်နေ့တာပင်ပန်းနွမ်းနယ်ခဲ့တာတွေကို ပြန်လည်လန်းဆန်းစေဖို့ အိပ်စက်အနားယူကြရ ပါ တယ်။ တစ်ချို့လူတွေဟာ ဘဝအခြေအနေ၊အသက်မွေးမှုပုံစံအရ ညအခါမှာတောင် အလုပ်လုပ်ကြရပါတယ်။ ဒီလို လူမျိုးတွေဟာ ကျန်းမာရေးအတွက် နေ့မှာပင်အိပ်စက်ကြရပါတယ်။ ဒီလိုလူမျိုးတွေလောက်ပဲ နေ့အခါ အိပ်စက် သင့်ပါ သလား။ မဟုတ်ပါဘူး။ဥတုဘေဇနကျမ်းအလိုအရ နေ့အခါမှာ အိပ်စက် အနားယူသင့်တဲ့လူ တွေရှိပါတယ်။

အဲဒီ လူ တွေကတော့၊
(၁) ကိုယ်ကာယသုံးပြီးပင်ပင်ပန်းပန်းအလုပ်လုပ်သူ
(၂) မေထုန်မှီဝဲပြီးစသူ
(၃) ခရီးပြင်းသွားသူ
(၄) ဆင်၊မြင်းတို့ကို ပင်ပန်းအောင်စီးသူ
(၅) ကိုယ်လက်နွမ်းနယ်သူ
(၆) ဝမ်းသက်သူ
(၇) ရင်ကျပ်နာ၊ရင်ဘတ်နာရှိသူ
(၈) ပန်းနာရှိသူ
(၉) ရေငတ်နာရှိသူ
(၁၀) သက်လုံပျက်သူ
(၁၁) လေနာရှိသူ
(၁၂) ဓါတ်၊အားခွန်ဗလ ကုန်ခမ်းသူ
(၁၃) သလိပ်ကုန်ခမ်းသူ
(၁၄) အသက်အရွယ်အိုမင်းသူ
(၁၅) သေရေအရက်လွန်စွာယစ်မူးသူ
(၁၆) အစာမကြေလေချဉ်တက်သော အဇိဏ္ဏနာရှိသူ
(၁၇) ညပိုင်းမအိပ်ရသူ တွေဖြစ်ပါတယ်။
ကဲ၊မိတ်ဆွေ၊သင့်ရဲ့နေထိုင်မှုဘဝပုံစံ၊အသက်မွေးမှု အခြေအနေအရပဲဖြစ်စေ၊အထက်မှာဖေါ်ပြခဲ့တဲ့ အခြေအနေ တစ် ရပ်ရပ် ကြောင့်ပဲဖြစ်စေ လိုအပ်တယ်ဆိုပါက နေ့ဘက်မှာ တရေးတမောလေး အနားယူပြီး ကျန်းမာတဲ့ ဘဝတစ်ခုကို တည်ဆောက်လိုက်ပါလို့ အကြံပြုပါရစေ။

Leave a comment

Your email address will not be published. Required fields are marked *