ဘယ်အချိန်မှာ စစ်ဖြစ်မလဲလို့ မေးစရာတစ်ခုပဲ ကျန်တော့တယ်လို့ KCNA မှပြောကြား

မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အမေရိကန် နဲ့ တောင်ကိုးရီးယားတို့ ပူးပေါင်းပြီး လေကြောင်းစစ်ရေးလေ့ကျင့်နေခြင်း နှင့် ပြုံယမ်းမြို့ကိုလက်ဦးမှုယူ တိုက်ခိုက်ရမယ်လို့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ကိုးရီးယားကျွန်းဆွယ်မှာ စစ်မဖြစ်ဖြစ်အောင် မီးမွှေးနေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

မြောက်ကိုးရီးယား KCNA သတင်းဌာနက ဖော်ပြချက်မှာတော့ ” မေးဖို့ကျန်တာဆိုလို့ ဘယ်အချိန်မှာစစ်ဖြစ်မလဲပဲ ကျန်တော့တယ်”လို့ ပါရှိပါတယ်။ စစ်မဖြစ်ချင်ပေမဲ့လဲ ရှောင်လွှဲလို့ မရနိုင်တော့ဘူးလို့ သူကပြောခဲ့ပါတယ်။

အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေး အကြံပေး အိပ်ချ်အာ မက်မာစတာက မြောက်ကိုးရီးယားနှင့် စစ်ဖြစ်ဖို့ရာ နေ့စဉ်နဲ့ အမျှ နီးစပ်လာနေကြောင်း သီတင်းပတ် အကုန်မှာပြောခဲ့ပါတယ်။ အမေရိကန် ရီပက်ဘလစ်ကန်လွှတ်တော်အမတ် လင်ဆေးဂရေဟန်က မြောက်ကိုးရီးယားနဲ့ စစ်ဖြစ်ဖို့ အလွန်နီးလာပြီးဖြစ်တာကြောင့် တောင်ကိုးရီးယားက မိခင်လောင်းနှင့် ကလေးတွေကို နိုင်ငံကနေပြောင်းရွေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုးရီးယားသည် ယခုလပိုင်းတွေထဲမှာ နျူကလီးယားစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကဆိုရင် အမေရိကန်ထိရောက်အောင် ပစ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ထုတ်လုပ်နိုင်ပြီးဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ထိုကဲ့သို့ ကြေငြာခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ အမေရိကန်ကလဲ တောင်ကိုးရီးယားနဲ့ အတူပူးပေါင်းပြီး အကြီးများဆုံးသော လေကြောင်းစစ်ရေးလေ့ကျင့်ရေးကို ပြုလုပ်ခဲ့တာကြောင့် အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာမှုသည် အထွတ်ထိပ်သို့ရောက်ရှိခဲ့ပါတယ်။ ထို့ကြောင့် စစ်ရေးလေးကျင့်မှု စသည့်တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ နိုင်ငံရေးအကြီးအကဲ ဂျက်ဖရီဖဲ့မင်းက မြောက်ကိုးရီးယားရဲ့ မြို့တော် ပြုံယမ်းမှာ မြောက်ကိုးရီးယားရဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး ပက်မြောင်ဂတ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ထိုတွေ့ဆုံမှုတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားကိစ္စတွေကို ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *