ဘရာဇီးတွင် လူ(၃၇)ဦးပါသော Bus ကားကို ပြန်ပေးဆွဲမှုဖြစ်ပွား

ဩဂုတ်လ(၂၀)ရက် အင်္ဂါနေ့တွင် ဘရာဇီးမြို့တော် Rio de Janeiro တွင် ခရီးသည် (၃၇)ဦးကို တင်ဆောင်လာသော Bus ကားကို ပြန်ပေးသမားတစ်ဦးက Rio de Janeiro မြို့နဲ့ Niterói မြို့ကိုဆက်သွယ်ထားသော Rio-Niterói တံတား ပေါ်တွင်ပြန်ပေးဆွဲခြင်းဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားစဉ်မှာပဲ ရဲများ၏ ပစ်ခတ်မှုကြောင့် ပြန်ပေးသမားသေဆုံး ခဲ့တယ် လို့ သိရပါတယ်။

ဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ ပြန်ပေးသမား Agencia Brasil ဟာ ဘရာဇီးစစ်တပ်မှ စစ်ရဲတစ်ဦး ဖြစ်ကြောင်းသိရပြီး (၉)မိုင်ရှည်တဲ့ Rio-Niterói တံတားကို ဖြတ်နေသော Bus ကားတစ်စီးကို ပြန်ပေးဆွဲခဲ့တာ ဖြစ် ကြောင်းသိရပါတယ်။

ပြန်ပေးသမားဟာ သေနတ်ကိုင်ဆောင်ထားပြီး ဒေသစံတော်ချိန် 6 a.m (5 a.m. ET) တွင် Bus ကားကို ပြန်ပေး ဆွဲခဲ့တာဖြစ်ပါတယ်။ ရဲများက ပြန်ပေးသမားကို ဖမ်းဆီးဖို့ရန်အတွက် တံတားကို ပိတ်ဆို့ကာ ကြိုးစားခဲ့ပါတယ်။ ပြန်ပေး သမားဟာ အထူးထပ်ဖွဲ့မှ Sniper သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ပြန်ပေးဆွဲခံရတဲ့ သူများ ကတော့ တစ်ဦးမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ရဲများ၏ပြောပြချက်အရသိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.