ဘရာဇီးနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး လက်မှတ်ခဈေးနှုန်းတက်မှုကြောင့် ဆန္ဒပြ

ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့တွင် ဇန်နဝါရီလ ၁၁ရက်နေ့က အခမဲ့ ဖြတ်သန်းသွားလာခွင့် လှုပ်ရှားမှုအဖွဲ့မှ ဦးဆောင်ပြီး သယ်ယူပို့ဆောင်ရေး လက်မှတ်ခဈေးတက်မှုအပေါ် ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။

မြို့တွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် လက်မှတ်ခဈေးနှုန်းဟာ ဇန်နဝါရီလ ၇ရက်နေ့ တနင်္ဂနွေနေ့ကစလို့ အမေရိကန်ဒေါ်လာ ၁.၁၈ မှ ၁.၂၄ အထိ ဘရာဇီးငွေကြေးအရဆိုရင် ရီယက်ငွေ ၃.၈ ဒေါ်လာ မှ ၄ ဒေါ်လာအထိ တိုးမြှင့်ခဲ့တာကြောင့် စိုးရိမ်ကြောင်းပြသရင်း ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေ ပြောတာကတော့ ပြား ၂၀ဆိုတဲ့ တန်ဖိုးဟာ မတန်တဆများတာပါပဲ၊ လူတွေက အိမ်အတွက် ပစ္စည်းတွေ ဝယ်နိုင်တော့မှာမဟုတ်ပါဘူး၊ ဝင်ငွေနိမ့်ပြည်သူတွေအတွက် သက်ရောက်မှုအားကြီးပါတယ်၊ ဒီငွေဟာ ပရမ်းပတာဖြစ်ရတာနဲ့ မတန်ဘူးလို့ ပြောကြပါတယ်။

ဆန္ဒပြသူတွေဟာ ဆောင်ပါလို စည်ပင်ပြဇတ်ရုံရှေ့မှ ပရာကာဒါစေ ရင်ပြင်တစ်လျှောက်ချီတက်ခဲ့တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published.