ဘရာဇီးရှိ အကျဉ်းထောင်တစ်ခုတွင် တိုက်ခိုက်မှုဖြစ်ပွား

အကျဉ်းသား ၁၁၃ဦးခန့်ရှိတဲ့ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဆီရာပြည်နယ်၏ မြို့တော်ဖြစ်တဲ့ ဖိုတာလယ်ဇာမြို့နှင့် ၁၂၅ ကီလိုမီတာအကွာရှိ အကျဉ်းထောင်တွင် ဇန်နဝါရီလ ၂၉ရက်နေ့က တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီအမှုဟာ ရာဇဝတ်ဂိုဏ်တစ်ခုနဲ့ ဆက်စပ်နေတဲ့ ထောင်သားတွေက ရန်ဘက်အုပ်စုကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ၉ဦးသေဆုံးခဲ့ပြီး ဆေးရုံတွင် တစ်ဦး သေဆုံးခဲ့သဖြင့် ပေါင်း၁၀ဦး သေဆုံးသွားပါတယ်။

အဆိုပါထောင်တည်ရှိရာ ဖိုတာလယ်ဇာမြို့မှာ ပြီးခဲ့တဲ့အပတ်က လူဆိုးဂိုဏ်အချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၁၄ဦး သေဆုံးခဲ့တယ်လို့လည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *