ဘရာဇီးအသင်းရဲ့ နာမည်ကြီးကစားသမား နေမာ မုဒိန်းမှုဖြင့်တရားစွဲခံရခြင်းကို ပြန်လည်ချေပ

ကမ္ဘာကျော် ဘောလုံးကစားသမား နေမာဟာ မေလ ၃၁ရက်နေ့မှာ Sao Paulo ရဲဌာနသို့ အမည်မဖော်လိုသူ အမျိုး သမီးတစ်ဦး၏ တိုင်ကြားချက်အရ မုဒိန်းမှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ ၎င်းအမှုနှင့်ပတ်သက်ပြီး နေမာက သူ့ ဘက်ကအမှားမလုပ်ခဲ့ကြောင်း ၎င်းအမျိုးသမီးဘက်မှစတင်ပြီး မြူဆွယ်ခဲ့တာဖြစ်ကြောင်း ဇွန်လ ၂ရက် တနင်္ဂနွေနေ့ တွင် Video တစ်ခုတင်ပြီး ချေပပြောဆိုခဲ့ပါတယ်။

နေမာက ထိုအမှုဟာ သူ့ကိုသမင်တကာ ရည်ရွယ်ချက်ဖြင့် ချောက်ချခဲ့တာဖြစ်ကြောင်း၊ သူမဘက်မှ စတင်ပြီး လိင်ပိုင်း ဆိုင်ရာ Video များ၊ ဓာတ်ပုံများပို့ပြီး သူ့ကိုမြူဆွဲခဲ့တာဖြစ်ကြောင်းကို Video တင်ကာပြောကြားခဲ့ပြီး သူမနှင့် စကားပြော ထားသော စားများကို Video တွင်ပြသခဲ့ပါတယ်။ Video ထဲတွင်ပါရှိနေသော ရက်စွဲများအရ သူမနဲ့ နေမာတို့ဟာ မတ် လကစတင်ပြီး စကားပြောဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

NR Sports မှ နေမာရဲ့ ကိုယ်စားလှယ်က ဒါဟာ နေမာကို ရည်ရွယ်ချက်ရှိရှိဖြစ် ငွေညှစ်ရန်အတွက် ချောက်ချခဲ့ တာ ဖြစ်ကြောင်း၊ ၎င်းအမျိုးသမီးဟာ ရှေ့နေတစ်ဦးနှင့် တိုင်ပင်ကာ စနစ်တကျအစီအစဉ်ဆွဲပြီး ထိုအမှုကိုပြုလုပ်ခဲ့ တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။နေမာဟာ အခုလက်ရှိတွင် Paris Saint-Germain အသင်းနဲ့ ဘရာဇီးအသင်း တွေမှာ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားနေတဲ့ ကမ္ဘာကျော်ဘောလုံးကစားသမားဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *