ဘရာဇီး အကျဉ်းထောင်အတွင်း ရန်ဖြစ်မှုကြောင့် ထောင်သား ၅၇ဦးသေဆုံး

ဘရာဇီးအနောက်ဘက် Amazonas ပြည်နယ်၊ Manaus မြို့ရှိ အကျဉ်းထောင်တွင် ထောင်သားများ ခိုက်ရန်ဖြစ်ပွားရာ ထောင်သား ၅၇ဦးအထိ သေဆုံးသွားခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။ Agencia Brasil သတင်းဌာနမှ တရားဝင် ထုတ် ပြန်ချက်အရ မေလ ၂၆ရက် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သောအရေးအခင်းကြောင့် ထောင်သား ၁၅ဦးသေဆုံးခဲ့ရပြီး မေလ ၂၇ရက် တ နင်္လာနေ့တွင်ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကြောင့်ထောင်သား ၄၂ဦး သေဆုံးခဲ့ရသဖြင့် (၂)ရက်အတွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင် သား စုစုပေါင်း (၅၇)ဦး သေဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။

သေဆုံးသွားခဲ့တဲ့ ထောင်သားအများစုဟာ လည်ပင်းကိုညှစ်ခံရပြီး အသက်ရှူကြပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တရား မျှတရေးနှင့် ပြည်သူများလုံခြုံရေးဝန်ကြီးက အခင်းဖြစ်ပွားနေကြောင်းကို ထောင်အတွင်းဝန်က အကြောင်းကြားသည်နှင့် ထိန်းသိမ် ဖို့ ရန်အတွက် တာဝန်ရှိရဲတပ်ဖွဲ့ကို ချက်ခြင်းစေလွှတ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရဲများဟာ အခင်းဖြစ်ပွားမှုကို ၄၅မိနစ်အတွင်း ထိန်း နိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပြီးနောက်တစ်နေ့ မေလ ၂၈ရက်နေ့မှာတော့ သေဆုံးသွားခဲ့တဲ့ ထောင်သားများရဲ့ မိသားစုများ၊ မောင်နှ မများ ဟာ ထောင်ရှေ့တွင်လာရောက် ငိုကြွေးနေကြတယ်လို့ သိရှိရပါတယ်။ ခိုက်ရန်ဖြစ်ပွားရသည့် အကြောင်းအရင်းကိုတော့ ရဲများ က ပြောပြခဲ့ခြင်းမရှိပါဘူး။

ဘရာဇီး ထောင်များဟာ မကြာခဏ ဆိုသလိုထောင်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလေ့ရှိပြီး လူသေမှုဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ထောင်သားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင်သားဦးရေ ၁၀၀ သေဆုံးသွားခဲ့ရပါတယ်။ အခုလို ထောင် အတွင်းရန်ဖြစ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ဘရာဇီးတာဝန်ရှိသူများကလည်း ထောင်များ၏ လုံခြုံရေးကို အထူး ကြပ်မတ် ထားကြသလို အခင်းဖြစ်ပွားခဲ့လျှင် ထိန်းသိမ်းဖို့ရဲတပ်ဖွဲ့ကိုလည်း အသင့်နေအထားဖြင့် အမြဲထားရှိကြောင်း သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *