ဘရူနိုင်းတွင် လိင်တူဆက်ဆံမှုနဲ့ လိင်ဖောက်ပြားမှု ကျူးလွန်သူများကို ကျောက်တုံးဖြင့်သတ်မည့် ဥပဒေအသစ်ပြဌာန်း

အစ္စမစ်ဝါဒီကို ကျင့်သုံးတဲ့ ဘရူနိုင်းဘုရင် Hassanal Bolkiah ဟာ လိင်တူဆက်ဆံခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ ဖောက် ပြားမှု ကျူးလွန်သူများကို ကျောက်တုံးဖြင့် သတ်မည့် ပြစ်မှုဆိုင်ရာ ဥပဒေအသစ်ကို ချမှတ်လိုက်ပါတယ်။ ၎င်းဥပဒေ ဟာ နောက်အပတ် April ၃ရက်နေ့မှာ စတင်ပြီး အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ဘရူနိုင်းဟာ ၂၀၁၄ခုနှစ်ထဲ က ဥပဒေအသစ်တွေကို ချမှတ်နေတာဖြစ်ပြီး ဆိုးဝါးပြီး ရက်စက်တဲ့ ဥပဒေတွေကိုလည်း တဖြည်းဖြည်းနဲ့ တိုးပြီး ပြဌာန်း လာတာတွေ့ရပါတယ်။ နောက်ဆုံးပြဌာန်းထားတဲ့ ဥပဒေတွေကို ဘရူနိုင်း ဥပဒေချုပ် Website မှာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၉ရက်က တိတ်တဆိတ်နဲ့ ထုတ်ပြန်ကြေငြာ ထားတယ်လို့ သိရပါတယ်။

အခုလိုချမှတ်လိုက်တဲ့ ကျောက်တုံးနှင့် သတ်မည်ဟူသော ဥပဒေဟာ အလွန်ရက်စက်တဲ့ အပြုအမူဖြစ်တဲ့အတွက် ကမ္ဘာ့လူ့အခွင့်အရေး အသင်းအဖွဲ့တွေက အပြစ်တင်ရှုတ်ချပြီး ကန့်ကွက်နေကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘရူနိုင်း ဟာ အခုလိုရက်စက်တဲ့ ပြစ်ဒဏ်တွေပါဝင်တဲ့ အစ္စလမ်မစ်ဝါဒီဖြစ်တဲ့ sharia ဥပဒေကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့စဉ်ကတည်းက ကမ္ဘာ့နိုင်ငံအသီးသီးက ဝမ်းနည်းပူဆွေးခဲ့ရတာဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *