ဘဝခရီးလမ်း ကောင်းစွာဖြတ်သန်းဖို့ ဘယ်လိုအရာတွေ လိုအပ်သလဲ?

ဘဝဆိုတာ ရှည်လျားတဲ့ ခရီးတစ်ခုပါ။ ကိုယ်ဖြတ်သန်းနေရတဲ့ ဘဝခရီးရှည်ကြီးမှာ ပျော်ရွှင်စွာဖြတ်သန်းကြဖို့ ရပ်တန့်လိုက်ရမယ့်အရာတွေ အများကြီးရှိပါတယ်။ ဘယ်လိုအရာတွေကို ရပ်တန့်ဖို့ လိုနေပြီလဲ?  ဘယ်အရာတွေကို လုပ်ဆောင်ရမလဲ?

 

ကိုယ်လိုအပ်တာတွေကို လစ်လျူမရှုပါနဲ့။

ကိုယ့်အတွက် ဘယ်အရာကအကောင်းဆုံးဖြစ်မလဲ၊ ကိုယ်အတွက် ဘာတွေလိုအပ်လဲ ဆိုတာတွေကို လစ်လျူရှုမိရင် ဘဝက ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့စိတ်ခံစားချက်ကို လစ်လျူမရှုပါနဲ့။

ကိုယ်ပျော်နေလား၊ ဝမ်းနည်းနေလား၊ အားငယ်နေလားဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်တာကြောင့် ကိုယ့်ခံစားချက်အတိုင်း လှုပ်ရှားလုပ်ဆောင်ပါ။

အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပါ။

သင့်အခန်းကမှောင်နေရင် တံခါးဖွင့်လိုက်တဲ့အခါမှာ အလင်းရောင်ရပါလိမ့်မယ်။ ဘဝဆိုတာလဲ ဒီလိုပါပဲ။ စိတ်ဓာတ်ကျချိန်၊ အခက်အခဲတွေ ကြုံချိန်မှာ ဒီတိုင်းထိုင်မနေဘဲ ရင်ဆိုင်ဖြေရှင်းလိုက်ပါ။

လက်ရှိအချိန်ကို မငြင်းပယ်ပါနဲ့။

ပစ္စုပ္ပန်အခြေအနေတွေက ရုန်းထွက်ဖို့ကြိုးစားလေ ပိုပြီးနှစ်မြှပ်လေဖြစ်နေပါလိမ့်မယ်။ ဒီနေ့လုပ်စရာရှိတာတွေကို လုပ်ပြီး ပိုကောင်းတဲ့မနက်ဖြန်ကို ဖန်တီးလိုက်ပါ။

အမှားတွေလုပ်မိမှာ မကြောက်ပါနဲ့။

မှားမှာကြောက်လို့မလုပ်ရင် တစ်ခုခုကို ဆုံးရှုံးရပါလိမ့်မယ်။ အမှားသိမှ အမှန်ပြင်နိုင်မှာ ဖြစ်လို့ မှားမှားမှန်မှန် ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ။

အကောင်းဆုံးကို မျှော်မှန်းပါ။

ဘာအရာကိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ။ စိတ်ခံစားချက်အတိုင်း လုပ်ဆောင်ပါ။ သင့်ကိုယ်သင်ကျေနပ်လာပါလိမ့်မယ်။

ပျော်ရွှင်မှုနောက်ကို လိုက်ပါ။

ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်ဆိုရင် မိမိကိုယ်ကို ပျော်ရွှင်အောင်ထားပါ။ ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ပါ။

ဘဝကို ထိန်းချုပ်ပါ။

ဘဝကို ထိန်းချုပ်တဲ့နေရာမှာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်ချက်တွေကို ထိန်းချုပ်ဖို့လိုပါတယ်။ ဘဝကို ထိန်းချုပ်ရင်း ဘယ်လိုရှင်သန်ရမလဲဆိုတာကို သင်ယူပါ။

တစ်ခြားသူတွေကိုလည်း ပြုပြင်ပေးပါ။

တစ်ခြားသူတွေကို ပြုပြင်ပေးဖို့ဆိုတာ ကိုယ့်ရဲ့အတွေးအမြင်တွေကို လက်တွေ့ကျင့်သုံးခိုင်းဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ သူတို့ကို လမ်းကြောင်းမှန်ပေါ်မှာ ရပ်မိဖို့အတွက် ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ အကြံပေးပြုပြင်ပေးရမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *