ဘဝနဲ့ အလုပ် ညီမျှစေဖို့

အလုပ်နဲ့ဘဝ ညီမျှဖို့ဆိုတာ လူတော်တော်များများအတွက် မဖြစ်နိုင်တဲ့ ရည်မှန်းချက်တစ်ခုပါ။ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ မိသားစုတာဝန်တွေကြားမှာ ဗျာများနေရတဲ့သူတွေအနေနဲ့ စိတ်ဖိစီးတွေဒဏ်ကိုလည်း အလူးအလဲခံစားကြရပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေမခံစားရအောင် အလုပ်နဲ့ဘဝ ညီမျှအောင် စီမံနိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်။

အလုပ်မှာဆိုရင်-

နေ့စဉ်အလုပ်တွေကို စနစ်တကျစီမံပါ။ အရေးကြီးတဲ့အလုပ်တွေကို ပထမဦးစားပေးနေရာမှာ ထားပြီး တစ်နေ့တာအလုပ်တွေကို ပြီးစီးအောင် စီမံလုပ်ဆောင်ပါ။

အလုပ်နဲ့အချိန်တစ်သားတည်းဖြစ်အောင် စီမံပါ။ အချိန်ယူရမယ့်အလုပ်ကို အချိန်များများပေးပြီး တစ်ခြားအရေးမကြီးတဲ့အလုပ်တွေမှာ အချိန်အလေအလွင့်မရှိအောင် စီမံပါ။

အလုပ်ချိန် flexible ရှိဖို့လိုပါတယ်။ ဒါမှ စိတ်ဖိစီးမှုနည်းနည်းနဲ့ အလုပ်ကို တွင်တွင်ကျယ်ကျယ် ပိုမိုစွမ်းဆောင်နိုင်မှာပါ။

အလုပ်မှာ အားလပ်ချိန်ယူပါ။ တစ်နေကုန်အလုပ်လုပ်နေတာမျိုးကို ရပ်တန့်ပြီး ဆယ်မိနစ်လောက်အားလပ်ချိန်ယူပြီး ကော်ဖီသောက်တာမျိုး၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ စကားပြောတာမျိုးလုပ်ခြင်းက စိတ်ဖိစီးမှုတွေ လျော့ကျသွားစေပါလိမ့်မယ်။

စိတ်ဖိစီးမှုအရမ်းများလာတဲ့အချိန်မှာ သီချင်းနားထောင်ပေးပါ။ သီချင်းနားထောင်ပြီး စိတ်ကိုအနားပေးတာက အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်လာစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါလိမ့်မယ်။

လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သူဌေးအပေါ်မှာ ရိုးသားစွာ ဆက်ဆံပါ။ ဘယ်အရာကိုမဆို တစ်ယောက်ထဲဖြေရှင်းဖို့မကြိုးစားဘဲနဲ့ စုပေါင်းလုပ်ဆောင်ပါ။

စိတ်ဖိစီးမှုတွေများလာပြီဆိုရင်တော့ သင့်ကိုယ်သင်အနားပေးဖို့ လိုအပ်လာပါပြီ။ အလုပ်တွေကနေ ခဏလောက် အနားယူလိုက်ပါ။

အိမ်မှာဆိုရင်တော့-

Social Media တွေ အားလုံးကို ခဏပိတ်ထားပြီး ကိုယ်ပိုင်အချိန်တစ်ခုဖန်တီးပြီး အပြည့်အဝအနားယူပါ။

သင့်မှာ ရှုပ်ထွေးနေတဲ့အချိန်ဇယားတွေရှိနေလို့ စိတ်ဖိစီးမှုကို ခံစားနေရရင် အဲ့ဒါတွေကို ငြင်းပယ်လိုက်ပါ။

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆက်သွယ်ဆက်ဆံတာကလည်း ကျန်းမာရေးကို အထောက်အကူပြုစေတာကြောင့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ပါ။

ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးနိုင်တာကြောင့် အားကစားလုပ်ဖို့အချိန်ကို သင့်တစ်နေ့တာမှာ ထည့်သွင်းထားသင့်ပါတယ်။

မှန်ကန်စွာစားသောက်နေထိုင်တာကလည်း သင့်ကို ကျန်းမာတဲ့ဘဝပုံစံကို ရရှိစေနိုင်တာကြောင့် အစားအသောက်အနေအထိုင်မှန်ကန်အောင် ဂရုစိုက်သင့်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *