ဘာကြောင့် ဟင်းနုနွယ်ရွက် စားသင့်သလဲ။

ဟင်းနုနွယ်ရွက်မှာ ဗီတာမင် A ၊ B2 ၊ C နဲ့ K တို့ကြွယ်ဝစွာ ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဟင်းနုနွယ်ရွက်ကို စားသုံးခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူတွေ ရရှိစေနိုင်လဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

ဟင်းနုနွယ်ရွက်မှာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အပြင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါတွေကိုပါ ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဟင်းနုနွယ်ရွက်က မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေရုံသာမက အိုမင်းရင့်ရော်ခြင်းကိုပါ ကာကွယ်နိုင်ပါတယ်။

လေ့လာတွေ့ရှိချက်များအရ နေ့စဉ် ဟင်းနုနွယ်ရွက်စားသုံးပါက ကြွက်သားတွေကို ပိုမိုအားကောင်းစေပါတယ်။ သာမန်ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေသူတွေထက် ဟင်းနုနွယ်ရွက်ကိုပါ စားသုံးနေသူတွေက ကြွက်သားတွေပိုမို ကျန်းမာကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင်ဟင်းနုနွယ်ရွက်ကို စားသုံးခြင်းက အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဟင်းနုနွယ်ရွက်မှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဟင်းနုနွယ်ရွက်ကို ရေအနည်းငယ်နဲ့ ချက်ပြုတ်ပြင်ဆင်ခြင်း ဒါမှမဟုတ် ရေနွေးဖျောပြီးစားသုံးခြင်းက ဟင်းနုနွယ်ရွက်မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကို အပြည့်အဝရရှိနိုင်မှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.