ဘာကြောင့် အမျိုးသားတွေက အမျိုးသမီးတွေကို ပန်းလက်ဆောင်ပေးကြတာလဲ

အမျိုးသားတွေက အမျိုးသမီးတွေကို ဘာကြောင့် ပန်းလက်ဆောင်ပေးတတ်ကြတာလဲဆိုတာကို စဉ်းစားနေမယ်ဆိုရင်တော့ အဲ့ဒီမေးခွန်းအတွက် ခိုင်လုံတဲ့အဖြေတွေ အများကြီးရှိပါတယ်။ အမျိုးသားတွေက သူတို့ခံစားချက်ကို ဖေါ်ပြဖို့အတွက် ပန်းတွေကို အသုံးပြုကြပါတယ်။ ပန်းစည်းလက်ဆောင်လေးတွေက သိမ်မွေ့ခြင်းအသွင်ကိုဆောင်ပါတယ်။ပြီးတော့ ပန်းလက်ဆောင်ပေးတာက ရိုးရာတစ်ခုလို ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေကို ဘယ်လိုအကြောင်းတွေကြောင့် ပန်းလက်ဆောင်ပေးတတ်ကြလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

ပထမဆုံးစတွေ့တဲ့အချိန်မှာ ပန်းလက်ဆောင်ပေးတာက First impression ကို ကောင်းစေပါတယ်။ ဒါပေမယ့် စစတွေ့ခြင်းမှာ အချစ်ကို ဖေါ်ညွှန်းတဲ့ အနီရောင်နှင်းဆီပန်းတွေကိုတော့ မပေးသင့်ပါဘူး။ မိန်းကလေးတွေ ကြိုက်တတ်တဲ့ ပန်းလေးတွေ၊ ပျော်ရွှင်မှုကိုဖေါ်ညွှန်းတဲ့ ပန်းလေးတွေကို ပေးလိုက်ရင်တော့ First impression ကို ကောင်းစေမှာပါ။

တစ်ချို့အမျိုးသားတွေက သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ထုတ်ပြောဖို့ ရှက်နေတဲ့အခါမျိုးမှာ ပန်းစည်းလေးတွေနဲ့ အချစ်ကို ဖေါ်ပြလေ့ရှိပါတယ်။ ပန်းလေးတွေက အချစ်ကိုဖေါ်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်တာကြောင့် မိန်းကလေးတွေကို ဖွင့်ပြောဖို့ ရှက်နေတဲ့အခါမျိုးမှာ ပန်းလေးတွေနဲ့သာ ချစ်ရေးဆိုတတ်ကြပါတယ်။

ဒါ့အပြင် ပန်းလက်ဆောင်ပေးတာက ရိုးရာတစ်ခုလို ဖြစ်နေတာပါ။ အမေများနေ့မှာ ပန်းစည်းလက်ဆောင်ပေးမျိုး၊ အထိန်းအမှတ်နေ့တွေမှာ ပန်းစည်းလက်ဆောင်ပေးတာတွေက ရိုးရာတစ်ခုလို ဖြစ်နေတာကြောင့်ပါ။

ပန်းတွေကို အချစ်ကို ဝန်ခံဖို့နေရာမှာပဲ သုံးတာမဟုတ်ဘဲ မိသားစုအချင်းချင်း ဂုဏ်ပြုလက်ဆောင်အဖြစ်လဲ ပေးတတ်ကြပါတယ်။ မွေးနေ့လက်ဆောင်အဖြစ်လည်း ပေးတတ်ကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *