ဘားဆိုင်က လူတစ်ယောက်ကို ထိမိလို့ ထောင်ဒဏ် ၃နှစ်ကျဖွယ်ရှိနေတဲ့ ဗြိတိန်နိုင်ငံသား

ဗြိတိန်နိုင်ငံသားတစ်ယောက်ဟာ ဘား ဆိုင်က လူတစ်ယောက်ကို ထိမိလို့ ထောင်ဒဏ် သုံးနှစ်ကျကိန်း ရှိနေပြီး ဒူဘိုင်းမှာ တရားရင်ဆိုင်နေရပါတယ်။ ဂျမီ ဟာရွန်ဟာ ဘား ဆိုင်က လူတစ်ယောက်ကို တိုက်မိပြီး အချိုရည် ဖိတ်စင်စေခဲ့တာမဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ လက်ကို ရုတ်တရက် ကိုင်မိ ရာကနေ လူကြားထဲမှာ အိနြေ္ဒသိက္ခာမဲ့စေတဲ့ အနေအထားဖြစ်ပေါ်စေခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ အသက် ၂၇ နှစ်ရှိတဲ့ လျှစ်စစ်ကျွမ်းကျင် ပညာရှင်တစ်ယောက်ဟာ အာရပ်စော်ဘွားများ နိုင်ငံမှာ ဇူလိုင်လကတည်းက ပိတ်မိနေခဲ့တာပါ။ ကာလကြာမြင့်စွာပိတ်မိနေရခြင်းအကြောင်းအရင်းကတော့ သူ့ရဲ့ ပတ်စပို့ ကို နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းယူ ခြင်းခံခဲ့ရတာကို စောင့်ဆိုင်းနေရတာကြောင့် ဒီလောက်အထိကြန့်ကြာနေရတာဖြစ်ပါတယ်။  သူဟာ အခုအချိန်မှာ ၀တ္တရားနှောင့်ယှက်မှူ နဲ့ အရက်သေစာသောက်စားမှုတွေနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဟာရွန်ဟာ တနင်္ဂနွေနေ့က တရားရုံးမှာ ကြားနာစစ်ဆေးဖို့ ပျက်ကွက်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

သူဟာ ပတ်စပို့ ကျဖို့ စောင့်ဆိုင်းနေရင်းကနေ ကမ်းပိန်း တစ်ခုမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ပတ်စပို့က ဘာအကြောင်းကြားစာမှ မရပဲ ရက်စွဲကုန်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ထောင်ချမခံရသေးပေမယ့် နောက်ထပ်ကြားနာစစ်ဆေးခံရဖို့အတွက် ဆက်နေနေရတာဖြစ်ပါတယ်။ ဒူဘိုင်းက အကြီးအကဲတစ်ဦးဖြစ်တဲ့ ရက်ဟ စတာလင်က “ဂျမီ ကို မဖမ်းပဲနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ထောင်ထဲမှာ အချိန်ကုန်ဆုံးရဖွယ် အခြေအနေမှာ ရှိနေတယ်လို့”လည်း ဆိုထားပါတယ်။

နောက်ထပ် ရုံးချိန်းက တော့ လာမယ့် နှစ်ပတ်အတွင်းဖြစ်နိုင်ဖို့ရှိပြီး ရက်အတိအကျတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ ဟာရွန်ဟာ တရားရုံးမှာ သူ့ရဲ့ဖြစ်စဉ်အသေးစိတ်လျှောက်ထားဖို့ အတွက် လိုအပ်တာထက် အချိန်ပို ယူရမယ်လို့ မျှော်လင့်ရပါတယ်။

ဟာရွန်ဟာ အာဖဂန်နစ္စတန်မှာ အလုပ်လုပ်ခဲ့ပြီး ဒူဘိုင်းကို နှစ်ညအိပ်ခရီး ထွက်လာချိန်မှာ ဒီလို ကိစ္စနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူဟာအစတုန်းက ဘား အနောက်မှာ ရှိတဲ့ အယ်ဘာရှာ ထောင်မှာ ငါးရက်ကြာ ချုပ်နှောင်ခံရပြီး နောက် အာမခံနဲ့ ပြန်လွတ်ခဲ့ပါသေးတယ်။ အဲ့အချိန်ကတည်းကစပြီး သူဟာ အလုပ်ကို ဆုံးရှုံးခဲ့ရပြီးတော့ ယူရိုငွေ ၃ သောင်းကျော်လောက်ကို တရားရင်ဆိုင်ဖို့ အတွက် အသုံးပြုနေရပါတယ်။

ဓနသဟာယ ရုံးကတော့ သူ့အတွက်အမှုရင်ဆိုင်ရာမှာ အကူအညီဖြစ်စေဖို့ ကောင်စစ်ဝန်ရုံးက အကူအညီအထောက်အပံ့တွေတော့ပေးအပ်ထားပါတယ်လို့ သူတို့ကဆိုပါတယ်။

Source: Sky News

Published
Categorized as News

Leave a comment

Your email address will not be published.