မက္ကဆီကိုတွင် မမျှော်လင့်ပဲ နှင်းမုန်တိုင်းတိုက်

ဇူလိုင်လ ၁ရက်နေ့ တနင်္ဂနွေနေ့ မိုးမလင်းမီမှာ မက္ကဆီကိုနိုင်ငံ Jalisco ပြည်နယ် Guadalajara မြို့မှာ ပြင်းထန် တဲ့ နှင်းမုန်တိုင်းတစ်ခု တိုက်ခက်ခဲ့ပါတယ်။ ၎င်းမုန်တိုင်းကြောင့် တနင်္ဂနွေနေ့ မနက်မိုးလင်းချိန်တွင် (၃)ပေထက် မြင့်တဲ့ နှင်းခဲများက မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်လို့ သိရပါတယ်။

Jalisco အုပ်ချုပ်သူ Enrique Alfaro Ramirezရဲ့ ပြောပြချက်အရ တနင်္ဂနွေနေ့မနက်မှာ တစ်မြို့လုံးကို ဖုံးလွှမ်းနေ တဲ့ နှင်းများကိုရှင်းလင်းဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ရန်အတွက် စစ်တပ်အင်အားအပါအဝင် ကယ်ဆယ် ရေးအဖွဲ့များကို ချက်ချင်းစေလွှတ်ခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးသူတစ်ဦးမှ မရှိခဲ့ကြောင်း သိရှိရပါတယ်။ နှင်းခဲ များဟာ ၁မီတာကျော်အောင် ဖုံးလွှမ်းသွားသဖြင့် မြို့ထဲရှိ ကားများလည်း နှင်းကြားထဲတွင် နစ်မြုပ်သွားခဲ့ရပါတယ်။

အမေရိကန် တောင်ဘက် မက္ကဆီကို နယ်စပ်ဒေသတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ပြီးနောက် ယခုလို မမျှော် လင့်ပဲ နှင်းမုန်တိုင်းကြီး ဖြစ်ပွားသွားရတာဖြစ်ပါတယ်။ ဒေသခံများရဲ့ ပြောပြချက်အရ မုန်တိုင်းတိုက်ခက်ချိန်တွင် နှင်းများ နှင့်အတူ မိုးသီးများလည်း ကြွေခဲ့တယ်လို့ သိရှိရပါတယ်။ Guadalajara မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၅၀၀၀ မှာတည်ရှိနေတဲ့မြို့ဖြစ်ပြီး ယခုအချိန်ဟာ နွေရာသီဖြစ်ပြီး မကြာခဏမိုးရွာသွန်းတတ်တဲ့အချိန်မျိုးဖြစ်သော်လည်း ယခုလို ကြမ်းတမ်းတဲ့ ရာသီဥတုမျိုးတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသတစ်ခုမဟုတ်ပါဘူး။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *