မက္ကဆီကိုနိုင်ငံတွင် ဘတ်စ်ကားတစ်စီး မတော်တဆ ဘီးပေါက်ခဲ့ရာမှ လူ ၁၂ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ Quintana Roo ပြည်နယ်တွင် ယဉ်မတော်တဆဖြစ်ပွားခဲ့ရာ လူ ၁၂ဦး သေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် မောင်းနှင်နေစဉ်မှာ ကားဘီးပေါက်ခဲ့ရာ ဆက်လက်ထိန်းချုပ်နိုင်ခြင်းမရှိပဲ ယဉ်မတော်တဆဖြစ်ပွားခဲ့ရပါတယ်။ထို ကားပေါ်ရှိ ခရီးသွားအများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြပြီး ဒေသတွင်းရှိ ရှေးဟောင်းဒေသများသို့ သွားရောက်သုတေသနပြု လေ့လာရန် ဖြစ်ကြောင်း ပါဝင်ပါသည်။

ယဉ်မတော်တဆမှုတွင် အမေရိကန်နိုင်ငံသား အများအပြားသေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၀ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိခဲ့ပြီး ခရီးသွားလုပ်ငန်း ကုမ္ပဏီကလည်း သေဆုံးသူနှင့် ဒဏ်ရာရသူတို့၏ မိသားစုများသို့ အဆက်သွယ်ရရှိရန် ဆောင်ရွက်နေတယ်လို့ မက္ကဆီကိုနိုင်ငံ သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *