မက္ကဆီကိုနိုင်ငံ စာတိုက်တစ်ခုတွင် သေတ္တာထဲထည့်ထားတဲ့ ရှားပါးကျားပေါက်တစ်ကောင်း ဖမ်းဆီးရမိ

မက္ကဆီကိုနိုင်ငံ တလာကီပါကီးမြို့ရဲ့ စာတိုက်တွင် သင်္ဘောကုန်စည် သေတ္တာထဲမှာ ထည့်ထားတဲ့ ၂လသားအရွယ် ဘင်္ဂလားကျားပေါက် ငယ်လေးကို ပစ္စည်းအမျိုးအမည်ခွဲတဲ့ ဌာနတွင် ရဲများမှ လေ့ကျင့်သင်ကြားထားပေးတဲ့ ခွေးကြီးမှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျားပေါက်ငယ်လေးကို တိပ်တွေနဲ့ ပိတ်ထားတဲ့ အပြာရောင်ကုန်စည် သေတ္တာထဲတွင် အစာရေစာမပါပဲ သတင်းစာတွေ အပေါ်မှာ ထားပြီး မလှုပ်နိုင်အောင် မူးယစ်ဆေးဝါးတိုက်ကျွေးထားကာ တခြားနိုင်ငံသို့ ပို့ဆောင်ရန် စာတိုက်သို့ ပို့ထားတာ ဖြစ်ပါတယ်။

ထိုကျားပေါက်လေးကို မက္ကဆီကိုနိုင်ငံရဲ့ ပတ်ဝန်ကျင်နဲ့ သဘာဝအရင်းအမြစ်ဌာနမှာ ထိန်းသိမ်းထားပြီး တစ်ပတ်အတွင်း ယခုလို ရှားပါး ကျားပေါက် ဖမ်းဆီးရမိတာ ဒါနဲ့ဆို တတိယအကြိမ်မြောက်ဖြစ်ကြောင်း ရဲများ၏ ပြောပြချက်အရသိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *