မက်ဆီကိုသမ္မတ၏လေယာဉ်ကိုရောင်းချပြီး နိုင်ငံတွင်းရှိတရားမဝင် လုပ်သားများအတွက်အသုံးပြုသွားမည်

မက်ဆီကိုသမ္မတAndresManuelLopezObrador ဟာ၂၀၁၆ခုနှစ်က ဝယ်ခဲ့တဲ့သူ၏ Boeing787 Dreamliner အမျိုးအစားဇိမ်ခံဂျက်လေယာဉ် José María Morelosy Pavón ကိုရောင်းချပြီးရရှိလာမယ့်အကျိုးအမြတ်ငွေများကို ရွှေ့ပြောင်းလုပ်သားဆင်းရဲသားများအတွက်အသုံးချသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ၎င်းလေယာဉ်ကို ရောင်း ချဖို့ ရန်အတွက် ၂၀၁၈ခုနှစ်ကတည်းက ကတိပေးခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က ရောင်းချဖို့အတွက်ပြော ခဲ့တဲ့ဈေးကတော့ စ တင်ဝယ်ခဲ့တဲ့ ဒေါ်လာ၂၁၈သန်း ဖြစ်ပါတယ်။

သမ္မတLopezObrador ပြောကြားချက်အရ ယခုရောင်းလို့ရမယ့်ငွေဟာ ဒေါ်လာသန်း၁၅၀ လောက်ရှိမယ်လို့ သိရှိ ရပါတယ်။ အမေရိကန်သမ္မတကမက်ဆီကိုသမ္မတစီးနေတဲ့လေယာဉ်တွေကိုအခွန်၅%တိုးကောက်ဖို့အတွက် သဘော တူညီမှုရပြီးတဲ့နောက်မှာ ယခုလို့ လေယာဉ်ရောင်းမယ့်ကိစ္စပေါ်လာတာဖြစ်တဲ့အတွက် ဝေဖန်သူများကတော့ အမေရိ ကန်ကိုအခွန်မပေးချင်တဲ့အတွက် အခုလိုလုပ်တာဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။ မက်ဆီကိုနဲ့အမေရိကန် နှစ်နိုင်ငံ ကြားမှာ အခွန်ပြဿနာနှင့် ရွေ့ပြောင်းအလုပ်သမားပြဿနာဖြစ်နေတာ နှစ်အတော်ကြာခဲ့ပါပြီး။ ထိုကိစ္စတွေကြောင့် ပဲ အမေရိကန်သမ္မတ Trump က မက်ဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်နေတာဖြစ်ပါတယ်။ ယခုလက် ရှိမှာ Mexico နယ်စပ်ရှိ Guatemala သို့ Mexico မှ နယ်ခြားစောင့်တပ်အဖြစ် စစ်သား ၆၀၀၀ကို ရွေ့ပြောင်း လုပ်သား များအား စိစစ်ရန်အတွက်ဟု ပြောကာပို့ဆောင်ထားပြီးပြီဖြစ်ပါတယ်။

မက်ဆီကိုသမ္မတ၏ပြောပြချက်အရ နောက်ထပ်သမ္မတလေယာဉ်အစီး၆၀နှင့် ရဟတ်အစီး၇၀တို့ကိုလည်း ရောင်းရန် ရှိကြောင်းသိရှိရပါတယ်။မက်ဆီကိုပြည်သူတွေကတော့သမ္မတ၏လုပ်ဆောင်ချက်ကိုဝေဖန်နေကြပါတယ်။ ၎င်းလေ ယာဉ်များဟာ မက်ဆီယို ပြည်သူတွေရဲ့ အခွန်ငွေများဖြင့် ဝယ်ထားတဲ့လေယာဉ်တွေဖြစ်ပြီး ပြန်ရောင်းပြီးရလာတဲ့ငွေတွေ ကိုတော့မက်ဆီကိုပြည်သူတွေအတွက် အသုံးမချပဲမက်ဆီကိုနိုင်ငံသားမဟုတ်တဲ့ရွေ့ပြောင်းလုပ်သားများအတွက် အသုံးပြု မယ်ဆိုတာကို မကျေနပ်မှုများဖြစ်နေကြပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *