မကြာခင်မှာ ဝယ်နိုင်တော့မယ့် မီးမှုတ် Drone

Drone တွေကို ပုံစံအမျိုးမျိုးနဲ့ ဒီနေ့ခေတ်မှာမြင်ရပြီး လက်နက်ပုံစံ drones တွေကိုလည်း မြင်တွေ့လာရပါတယ်။ လက်နက် drones တွေကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုပြီး ပြည်သူတွေ လက်ထဲကိုတော့ company တွေက ရောင်းချခွင့်မရှိပါဘူး။ Elon Musk ရဲ့ The Boring Company က ထုတ်တဲ့ Flame Thrower (မီးမှုတ်သေနတ်) ကိုတော့ အမေရိကန်မှာ ရောင်းချခဲ့ဖူးပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ out of stock ဖြစ်သွားတဲ့အထိ စံချိန်တင်ရောင်းကောင်းခဲ့ပါတယ်။ Flame Thrower လို gun မျိုးကို drone မှာ တပ်ဆင်ထားတဲ့ Flamethrower drone တွေကိုတော့ မကြာမီ လအနည်းငယ်မှာ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

လောလောဆယ် Drones လောကမှာ Dji က အကောင်းဆုံးဖြစ်ပြီး စမ်းသပ်ပြထားတဲ့ videos ထဲမှာတော့ Dji S1000 ကို စမ်းသပ်ပြသထားပါတယ်။ Dji drone company က အနာဂတ်မှာ Flamethrower drone ထုတ်မထုတ်ကိုတော့ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ကျန်တဲဲ့ drone companies တွေကတော့ Flamethrower drones တွေကို ရောင်းချနိုင်တဲ့ အလားအလာတွေအများကြီး ရှိနိုင်ပါတယ်။ Drone မှာ တပ်ထားတဲ့ Flame thrower အမှတ်စဉ်ကတော့ Throwflame TF-19 Wasp ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Flame Thrower သီးသန့်သက်သက်ကို ဒေါ်လာ ၁၅၀၀ ရှိပါတယ်။

Drone မှာပါဝင်တဲ့ Battery Capacity က​ 16,000mAh ဖြစ်ပါတယ်။ အနိမ့်ဆုံး Drone နဲ့ လက်ကိုင်ပါဝင်ပြီး ပါဝင်တဲ့ စျေးနှုန်းကတော့ နောက်ထပ် ဒေါ်လာ ၂၆၀၀ ထပ်ပေါင်းရမှာ ဖြစ်ပါတယ်။ စုစုပေါင်း Total တွက်လိုက်မယ်ဆိုရင်တော့ ဒေါ်လာ ၁၀၀၀၀ ထိ ကျမှာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ Drone အမျိုးအစားပေါ်မူတည်ပြီး စျေးနှုန်းတွေလည်း ကွာသွားမှာ ဖြစ်ပါတယ်။ ဒီ Flame Thrower Drone တွေရဲ့ ရည်ရွယ်ချက်ကတော့ သီးနှံဖျက် ပိုးမွှားတွေကို နှိမ်နှင်းဖို့နဲ့ ခြုံ၊ မြက်တွေကိုရှင်းဖို့အတွက် ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *