မကြာမှီ တွေ့မြင်လာရတော့မယ် လျှပ်စစ်လေယာဉ်တွေ

ယနေ့ခေတ်မှာ လျှပ်စစ်ကားတွေတွေ တစ်ဖြည်းဖြည်းနဲ့ ခေတ်စားလာသလို မကြာမှီ အချိန်အတွင်းမှာလည်း လျှပ်စစ်လေယာဉ်တွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လောင်စာဆီသုံးစွဲမှူကို လျော့ချပြီး လျှပ်စစ်အစားထိုးနိုင်မယ့် စနစ်တွေကို နည်းပညာရှင်များ နှင့် ကမ္ဘာ့ထိပ်သီးနိုင်ငံက အစိုးရအဖွဲ့အစည်းများ ကိုယ်တိုင် ထောက်ပံ့ကူညီ၍ သုတေသနများ ပြုလုပ်လျက်ရှိပြီး CNN သတင်းဌာနရဲ့ တင်ပြချက်အရ မကြာခင် အချိန်အတွင်းမှာ လျှပ်စစ်စွမ်းအင်သုံး လေယာဉ် ၇ မျိုးကို တွေ့ရှိရတော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျက်လေယာဉ်တစ်စီးပေါ်မှာ သယ်ဆောင်ရတဲ့ လောင်စာဆီရဲ့ အလေးချိန်ထက် ဘတ်ထရီအလေးချိန်က ပိုမိုပေါ့ပါးမှာ ဖြစ်တယ်လို့ လေကြောင်းစနစ်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်တီထွင်ဖန်တီးသူ Bjorn Fehrm က ပြောပါတယ်။ အကယ်၍များ အကောင်းဆုံးဆိုတဲ့ ဘတ်ထရီမျိုး ရရှိခဲ့မယ်ဆိုရင် ဂျက်လေယာဉ်တစ်စီးပေါ်မှာ သယ်ဆောင်ရမယ့် လောင်စာဆီရဲ့ အလေးချိန်ထက် အဆ ၄၀ ပိုမို ပေါ့ပါးလိမ့်မယ်လို့ ဆိုပါတယ်။

၁။ Airbus
Airbus လေကြောင်းကုမ္ဗဏီဟာ လျှပ်စစ်စွမ်းအင်သုံး လေယာဉ်တွေကို တီထွင်စမ်းသပ်ဖန်တီးနေပြီး လျှပ်စစ်စွမ်းအင်နဲ့ အသုံးပြုနိုင်ဖို့ ပရောဂျက်အနေနဲ့လုပ်နေတာ ၃နှစ်ကျော်ခန့်ရှိနေပါပြီ။

၂။ Vahana
သိပ္ဗံရုပ်ရှင်ကားတွေထဲမှာ တွေ့ရတဲ့ လေယာဉ်တွေပုံစံအတိုင်း ဖန်တီးနေတာဖြစ်ပြီး လျှပ်စစ်စွမ်းအင်စနစ်ကိုဘဲ အသုံးပြုမှာ ဖြစ်ပါတယ်။ Vahana အနေနဲ့ အဆိုပါ လေယာဉ်ငယ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအစောပိုင်းကာလမှာ စမ်းသပ်မောင်းနှင်ထားပြီးပြီ ဖြစ်ပါတယ်။ အားလုံးပြည့်စုံတဲ့အခါ မြို့တွင်းမှာ ပျံသန်းဝန်ဆောင်မှူပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

၃။ CityAirbus
၂၀၁၈ ခုနှစ်မှာ မြင်တွေ့နိုင်ဖွယ်ရှိပြီး သိပ္ဗံရုပ်ရှင်ဇတ်လမ်းထဲက ပုံစံအတိုင်းဘဲ ဖြစ်ပါတယ်။ အလိုအလျောက်မောင်းနှင်နိုင်မယ့်စနစ်အပါအဝင် လေယာဉ်ကို ဘေးတိုက်အနေအထားနဲ့ပါ ဆင်းသက်ခြင်း၊ သွားလာနိုင်ခြင်း ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုံးဝကို အလန်းစား ဖြစ်နေမှာ အသေအချာပါဘဲ။

၄။ Zunum Aero
Zunum Aero ရဲ့ ဒီဇိုင်းကတော့ ဟိုက်ဘရစ် အီလက်ထရစ် အမျိုးအစားဖြစ်တဲ့အတွက် လျှပ်စစ်စွမ်းအင်သာမက လောင်စာဆီစနစ်နဲ့လည်း အသုံးပြုနိုင်မှာပါ။ မိုင် ၇၀၀ ခရီးအကွာအဝေးလောက်ကို သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ Zunum Aero ရဲ့ လက်ရှိဒီဇိုင်းဟာ လောင်စာစွမ်းအင်နဲ့ လျှပ်စစ်စွမ်းအင် ၂ခု လုံးသုံးထားပေမယ့် ဘတ်ထရီနည်းပညာတွေ ဒီထက်ပိုမိုမြင့်မားလာမယ်ဆိုရင် နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်တစ်ခုထဲကိုဘဲ အသုံးပြုတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၅။ Eviation Aircraft
လမ်းကြောင်းတို ခရီးတွေအတွက် လျှပ်စစ်စွမ်းအင်သုံး လေယာဉ်တွေကို ထုတ်လုပ်သွားမည် ဖြစ်ပြီး မိုင် ၁၀၀ နဲ့ မိုင် ၆၀၀ အကွာအဝေးခရီးလောက်ကိုဘဲ ရည်မှန်းထားပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ ဒီထက်ပိုပြီး အများကြီးသွားနိုင်တဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားပါတယ်။
Eviation Aircraft ရဲ့ ထုတ်ပြန်ချက်အရ ” ကျနော်တို့ဟာ ကားနဲ့ ခရီးသွားမယ့်နေရာမျိုးမှာ လေယာဉ်နဲ့ ခရီးသွားရတဲ့ ခံစားချက်ကို အစားထိုးပေးချင်တာပါ ‘ လို့ ဆိုပါတယ်။ ဒါကြောင့် Enviation Aircraft ဟာ လေယာဉ်ကို ကားနေရမှာ အစားထိုးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေပြီး လေယာဉ်ဟာ သာမန် အသေးစား ကွင်းငယ်လေးတွေမှာ ဆင်းသက်နိုင်မယ်လို့ ဆိုပါတယ်။

၆။ NASA X-57 Maxwell

ဝေလငါး ပုံစံ လေယာဉ်ကို လျှပ်စစ်စွမ်းအင်အသုံးပြုသွားမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် အစောပိုင်း ကာလမှာ တွေ့မြင်ရမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။ လျှပ်စစ်မော်တာ ၁၄ လုံးတပ်ဆင်ထားပြီး လေယာဉ်တောင်ပံတွေကို လေယာဉ်ရဲ့ အပေါ်ပိုင်းနားမှာ ထပ်ဆင်ထားပါတယ်။ ဒါကြောင့် တွေ့မြင်နေကြ လေယာဉ်ပုံစံနဲ့တော့ တူမှာ မဟုတ်ပါဘူး။

၇။ Pipistrel Alpha Electro
လူ ၂ယောက်သာ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပြီး လျှပ်စစ်စွမ်းအင်သုံးလေယာဉ်အမျိုးအစား ဖြစ်ပါတယ်။ ထုတ်လုပ်မှူအဆင့်ကနေ ဈေးကွက်ထဲသို့ တင်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီ လို့ သိရပါတယ်။ ၆၀ ကီလိုဝပ် လျှပ်စစ်အင်ဂျင်တပ်ဆင်ထားပြီး လေထဲမှာ အချိန် ၁ နာရီကျော်ခန့်သာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်မောင်းလေ့ကျင့်ဖို့အတွက် ပိုမိုသင့်လျော်ပြီး အားသွင်းစနစ်ကတော့ စမတ်ဖုန်း အားသွင်းသလိုပါဘဲ။ ကြိုးလေးကို ပလပ်ခုံမှာ တပ်လိုက်ရုံဘဲ ဖြစ်တယ်လို့ Pipistrel Alpha Electro က ဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *