မကွေးတိုင်း မင်းဘူး စကုမြို့နယ်ရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွား

မကွေးတိုင်းဒေသ မင်းဘူး စကုမြို့နယ်မှ ကျောက်မီးသွေးတွင်း ပေါက်ကွဲခဲ့ရာတွင် တရုတ်နိုင်ငံသား အပါအဝင် လူ ၈ဦးရဲ့ သေဆုံးနေသောအလောင်းများကိုတွေ့ရှိခဲ့ပါသည်။

ထိုကျောက်မီးသွေးတွင်းကို ဟန်ထက် ပြည်တွင်း ကုမ္ပဏီက ၅နှစ် စီမံကိန်းနဲ့ တူးဖော်နေတာဖြစ်ပါတယ်။ ပေါက်ကွဲရခြင်းမှာ လုပ်ငန်းခွင်အတွင်းသို့ အောက်ဆီဂျင်ဗူးနဲ့ ဆက်ထားတဲ့ ပိုက်ပေါက်ထွက်ရာမှ တွင်းပြိုကျခဲ့တာဖြစ်ပါတယ်။

တွင်းထဲတွင် လူတွေပိတ်မိသေဆုံးခဲ့ရာ အင်္ဂါနေ့ညနေပိုင်းအထိ အလောင်း ၆လောင်းပဲတွေ့ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းလောက်မှာ တရုတ်နိုင်ငံသားနဲ့ ကျန်အလောင်းတစ်လောင်းတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါကျောက်အမီးသွေးတွင်း၏ လုပ်ငန်းခွင်ဆက်လုပ်မှုကို ပိတ်ထားပြီး ပိုင်ရှင်နှင့် လုပ်ငန်းတာဝန်ခံတို့ကို ပေါ့လျော့မှုကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၀၄)နဲ့ အမှုဖွင့်ထားကြောင်း မင်းဘူးမြို့နယ် ရဲမှူး ဉာဏ်ကီးရှိန်က ပြောကြားခဲ့ပါတယ်။

မကွေးတိုင်းထဲတွင် လုပ်ငန်းလိုင်စင်နဲ့ တကွ ချထားပေးသော ကျောက်မီးသွေးတွင်းကြီးပဲ ၄၁ တွင်းရှိပြီး အများအားဖြင့် ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ရှိမြို့တွေဖြစ်တဲ့ မင်းဘူး-စကု၊ ငဖဲ ၊မင်းလှ ၊ပွင့်ဖြူ မြို့တို့မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *