မစ္စယန်ဟီလီကို ပုဂ္ဂိုလ်ရေးအရ အစိုးရမှ ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လ ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အပြီး မြန်မာအစိုးရရဲ့ လူအခွင့်အရေးမှတ်တမ်းတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာရခိုင်ရှိ ရိုဟင်ဂျာတွေ အပေါ်ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မမျှမတ ဖော်ပြခဲ့လို့ ပြည်ဝင်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။


ကုလသမဂ္ဂရဲ့ ဒီဇင်ဘာ ၂၀ရက် ရက်စွဲပါထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စယန်ဟီလီ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် သက်တမ်းအတွင်း အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းပြောကြားထားပါတယ်။
မစ္စယန်ဟီလီက ယခုလိုမြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဖြစ်ပြီး စိတ်ပျက်မိကြောင်းနှင့် ၎င်းဆုံးဖြတ်ချက်ဟာ ရခိုင်နှင့် အခြားသောဒေသတွေမှာ ကြောက်စရာ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေ ကျန်ရှိနေတယ်ဆိုတာကို ပြလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။


ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကတော့ မစ္စယန်ဟီလီရဲ့ လုပ်ဆောင်မှုဟာ မျှတမှုမရှိပဲ ပြဿနာကို ပိုဆိုးလာအောင်နဲ့ နိုင်ငံတကာက မြန်မာကို အထင်အမြင်လွဲမှားအောင် လုပ်သလိုဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ လက်မခံနိုင်တာဖြစ်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လက်မခံနိုင်တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မစ္စယန်ဟီလီဟာ လာမယ့်ဇန်နဝါရီလမှာ ရိုဟင်ဂျာအရေး အပါအဝင် လူ့အခွင့်အရေးအခြေနေတွေကို စုံစမ်းရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံကို လာမလို့ အစီအစဉ်ရှိနေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *