မထင်မှတ်တဲ့ ခြေစွမ်းတွေနဲ့ ချယ်လ်ဆီးကို အနိုင်ယူလိုက်တဲ့ ဝက်ဟမ်း

ဒီဇင်ဘာလ ၉ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၇နာရီမှာ Premier League ပွဲစဉ် ၁၆ အဖြစ် အိမ်ရှင်ဝက်ဟမ်း ယူနိုက်တက်အသင်း နှင့် ချယ်လ်ဆီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်၏ ၆မိနစ်အကြာမှာ ဝက်ဟမ်းယူနိုက်တက် အသင်း၏ ကွင်းလယ်တောင်ပံကစားသမားဖြစ်တဲ့ Marko Arnautovic က Mamuel Lanzini ၏ အကွက်မြင်မြင် ပေးပို့မှုကနေတဆင့် အနိုင်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

ကျန်မိနစ်တွေမှာ ချယ်လ်ဆီးအသင်းမှ ခြေပဂိုးရရှိရန် အပြင်းအထန် ပြန်လည်တိုက်စစ်စဉ် ကစားခဲ့သော်လည်း ဝက်ဟမ်းအသင်းရဲ့ အနောက်ခံတံတိုင်းကို မကျော်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပထမပိုင်းမှ တစ်ဂိုး ဂိုးမရှိရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း အစပိုင်းမှာ Pedro၊ ၅၅မိနစ်မှာ Moses နှင့် ၆၄မိနစ်မှာတော့ William တို့ကို လူစားထိုးပြီး တိုက်စစ်မြှင့် ယှဉ်ပြိုင်ကစားခဲ့ သော်လည်း တစ်ဂိုး ဂိုးမရှိ ရလဒ်အဖြစ်သာ ချယ်လ်ဆီးအသင်းမှ ရှုံးနိမ့်ခဲ့ရပါတယ်။

ထိုကြောင့် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ မန်စီးတီးအသင့်နှင့် တစ်ပွဲပို ရမှတ် ၁၁မှတ်အကွာဖြင့် တတိယနေရာမှာ ရပ်တည်နေပြီး ဝက်ဟမ်းအသင်းကတော့ အဆင့် ၁၈နေရာမှာ တည်ရှိနေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *