မနက်ခင်းတိုင်းမှာပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းများ

မနက်ခင်းတိုင်းမှာ ခန္ဓာကိုယ်ရော၊ စိတ်ကိုပါ လန်းဆန်းတက်ကြွစေနိုင်မယ့် အလေ့အကျင့်ကောင်းတွေကို ပြုလုပ်ပေးမယ်ဆိုရင် တစ်နေ့တာလုပ်ငန်းဆောင်ရွက်ချက်တွေကို တိုးတက်ကောင်းမွန်စေမှာပါ။ ဘယ်လိုအလေ့အကျင့်ကောင်းတွေ ပြုလုပ်သင့်လဲဆိုတာကို လေ့လာကြည့်ကြရအောင်။

နားကို နှိပ်နယ်ပေးပါ။

နားကိုနှိပ်နယ်ပေးတာက သင့်ကိုနိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေရာကနေ လန်းဆန်းစွာ အိပ်ရာနိုးလာစေဖို့ ကူညီပေးမယ့်အပြင် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေမှာပါ။

ရေနွေးထဲကို သံပုရည်သီးညှစ်သောက်ပါ။

ရေနွေးထဲကို သံပုရာသီးညှစ်သောက်တာက သင့်ရဲ့အစာခြေစနစ်ကို ကောင်းမွန်စေရုံသာမက ကျောက်ကပ်နဲ့ အူထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ မနက်စာမစားခင် နာရီဝက်အလိုလောက်မှာ သောက်သုံးသင့်ပါတယ်။

လျှာကိုသန့်ရှင်းပေးပါ။

သွားကို တစ်နေ့နှစ်ခါတိုက်တာ မှန်ကန်တဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးဖြစ်ပါတယ်။ သွားတိုက်တဲ့အခါမှာ လျှာကိုသန့်ရှင်းပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ လျှာကိုမသန့်ရှင်းပေးရင် ခံတွင်းရနံ့ဆိုးတွေက သင့်တစ်နေ့တာမှာ စိတ်အနှောင့်အယှက်ဖြစ်လာစေပါလိမ့်မယ်။

ပျားရည်စားသုံးပါ။

ပျားရည်က မှတ်ဉာဏ်စွမ်းအားကို တိုးလာစေရုံသမက လုပ်ငန်းစွမ်းဆောင်ရည်ကိုပါ တိုးတက်စေပါတယ်။ ဒါ့အပြင် ချောင်းဆိုးခြင်းနဲ့ အရေပြားဓာတ်မတည့်ခြင်းတွေကိုပါ ပျောက်ကင်းစေပါတယ်။ မနက်စာမစားခင် ၁၅ မိနစ်လောက်အလိုမှာ ပျားရည်တစ်ဇွန်းခန့် သောက်သုံးပေးသင့်ပါတယ်။

Shot of a happy young woman waking up in her bed at home

ခံတွင်းသန့်စင်ဆေးရည် အသုံးပြုပါ။

မနက်စာစားပြီးပြီဆိုရင်တော့ ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ ခံတွင်းရနံ့ဆိုးတွေကို ပျောက်စေမယ့်အပြင် သွားနဲ့ သွားဖုံးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *