စူပါမွန်းကို အင်္ဂလန်တစ်ဝိုက်မှာ ထွန်းလင်းတောက်ပစွာ မြင်တွေ့ခဲ့ရ

လ ကို အခုလိုကမ္ဘာ အရပ်ရပ်မှာ ထွန်းလင်းတောက်ပစွာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ၎င်းဟာ ကမ္ဘာနဲ့ ပိုမိုနီးကပ်နေလို့ဖြစ်ပြီး ၁၄ % ပိုကြီးကြီးမားမား မြင်တွေ့ခွင့်ရကြကာ ၃၀ % ပိုမိုတောက်ပနေခဲ့တာဖြစ်ပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုတွေအရ ဒီဇင်ဘာမှာ မြင်တွေ့ရတဲ့ လ ကို အေးခဲလ လို့အမည်ပေးထားပြီး တနင်္ဂနွေနေ့တုန်းကတော့ ၃ နာရီ ၄၇ ကနေ စပြီး မြင်တွေ့ရတာဖြစ်ပါတယ်။ လဟာ အရင်နှစ်တွေထက် အခုနှစ်မှာ ပိုမိုနီးနီးကပ် မြင်တွေ့ခဲ့ကြရပြီး ပုံမှန်အရွယ်အစားထက် ပိုမိုကြီးမားတဲ့ အရွယ်အစားနဲ့ မြင်တွေ့ကြရတာဖြစ်တဲ့အတွက် စူပါမွန်း အင်္ဂါရပ်နဲ့ ကိုက်ညီလှပါတယ်။ လ ဟာ ညလယ်လောက်မှာဆိုရင် ပိုနီးနီးကပ်ကပ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ကောင်းကင်မှာ တိမ်တွေကင်းစင်နေတယ်ဆိုရင်တော့ လကို တောက်တောက်ပပနဲ့ ရှင်းရှင်းလင်းလင်း မြင်ရမှာတော့ အသေအချာပါပဲ။

ကမ္ဘာကနေ ခန့်မှန်းခြေ မိုင်ပေါင်း ၂၂၂၇၆၁ မိုင် အကွာအဝေးကနေ မြင်နေကြရတာဖြစ်ပြီး ပုံမှန်ဆိုရင် ၂၃၈၉၀၀ မိုင်ကနေမြင်ကြရတာဖြစ်ပါတယ်။

လထွက်တဲ့ အချိန်နဲ့ ဝင်တဲ့အချိန်တွေမှာ ၎င်းဟာ ခါတိုင်းနဲ့မတူပဲ ကြီးနေတယ်လို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါဟာတစ်ကယ်တော့ မိုးကုတ်စက်ဝိုင်းနဲ့ နီးလာလေလေ ကိုယ့်ရဲ့စိတ်ထဲမှာ ပုံရိပ်ယောင်တွေကို ဖန်တီးပေးနေတာဖြစ်ပါတယ်။ တကယ်တော့  လ ရဲ့ အရွယ်အစား ကြီးတယ်သေးတယ်ဆိုတာ သာမန်မျက်စိနဲ့ ခန့်မှန်းလို့ မရနိုင်ပါဘူး။ တကယ်လို့ သင်သာ လကို ဒီထက်ပိုကြီးကြီး မြင်ချင်တယ်ဆိုရင်တော့ အနုကြည့်မှန်ပြောင်းတို့၊ တယ်လီစကုပ်တို့ သုံးပြီး ကြည့်တာက ကောင်းကောင်းမွန်မွန် ပိုမြင်ရမှာဖြစ်ပြီး မျက်စိကိုလည်း ကာကွယ်ရာရောက်ပါတယ်။

ဒီနှစ်ရဲ့ စူပါမွန်းဖြစ်စဉ်ကို ဇန်နဝါရီ ၁၂ ရက်နေ့က တစ်ခါမြင်တွေ့ခဲ့ကြရတာဖြစ်ပြီး ဒုတိယအကြိမ်ကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *