မန်းနပ် အရေးပေါ်ကယ်ဆယ်ရေးစခန်းက လူတွေကို လက်ခံဖို့ နယူးဇီလန်ရဲ့ ကမ်းလှမ်းချက်ကို သြစတေးလျက ပယ်ချ

ခိုလှုံဖို့ နေရာရှာဖွေနေကြတဲ့ ဒုက္ခသည် ၁၅၀ ကျော်ကို လက်ခံပေးဖို့ နယူးဇီလန်ရဲ့ ကမ်းလှမ်းချက်ကို သြစတေးလျက ပယ်ချလိုက်ပါတယ်။ ဒီအခြေအနေအတွက် UN က လူသားချင်းစာနာမှု အရေးအပေါ်အခြေအနေလို့ကြေငြာလိုက်ပြီး  ၆၀၀ ကျော်လောက်ရှိတဲ့ ဒုက္ခသည်တွေဟာ မြို့နဲ့လှမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ မန်းနပ် ကျွန်းမှာ သောင်တင်နေကြပါတယ်။ အစားအစာ၊ရေ နဲ့ လျှပ်စစ်မီးတွေဖြတ်တောက်ခြင်းခံထားရပြီး အဲ့မှာရှိတဲ့လူတွေက အမောပြေသောက်သုံးရန် ရေတွင်းတူးပေးဖို့ အစီရင်ခံစာတင်ထားပါတယ်။

ကန်ဘာရာအစိုးရကတော့ ၎င်း လူတွေကို ကျွန်းရဲ့ အလယ်ဗဟို နေရာတစ်ခုခုမှာ နေရာချပေးချင်နေပြီး ဒုက္ခသည် အထောက်အထားရှိတဲ့သူတွေကို ၎င်းနေရာသို့ ဦးဆောင်ပို့ဆောင်ပေးနေပါတယ်။ ထိုသို့လုပ်ဆောင်ပေးခြင်းအားဖြင့် သူတို့ဟာ သြစတေးလျကို ခြေချနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အကြောက်တရားကိုလည်းဖြစ်စေပါတယ်။

၎င်း ဒုက္ခသည်တွေဟာ ဒေသခံတွေရဲ့ အနိုင်ကျင့် အကြမ်းဖက် ခံရမှာကိုလည်း ကြောက်နေကြပါတယ်။ ဝန်ကြီး မယ်ကွန် တန်ဘူလ်က သူနဲ့ဂုဏ်သရေတူသူဖြစ်သူ ဂျစင်ဒ အာဒရမ် ကို ဒုက္ခသည် တွေ လက်ခံဖို့ သူ့ကိုကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်တယ်လို့ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဦးစားပေးအစီအစဉ်က အရင် ရှိပြီးသား ဒုက္ခသည်တွေကို လဲလှယ်ဖို့ သမ္မတ ဟောင်း ဘားရက်အိုဘားမား နဲ့ ဆွေးနွေးဖို့ဖြစ်တယ်လို့လည်းပြောပါတယ်။

၂၀၁၆ သဘောတူညီချက် ကို သမ္မတ ထရမ့်က အပြင်းအထန် ဝေဖန်ထားပြီး သြစတေးလျက အမေရိကန်အလယ်ပိုင်းက ဒုက္ခသည်တွေကို လက်ခံနေချိန်မှာ ၁၂၅၀ ကျော်လောက်ရှိသော ခိုလှုံသူတွေက အမေရိကန်သို့ရောက်ရှိနေပါတယ်။

အခုချိန်ထိ ဒုုက္ခသည် ၅၄ ယောက်သာ လက်ခံရသေးပြီး ၂၄ ယောက် သောဒုက္ခသည်တွေဟာ အမေရိကန်က လက်ခံခဲ့တာဖြစ်ပါတယ်။ နယူးဇီလန်က ပထမအကြိမ် အနေနဲ့ ဒုက္ခသည် ၁၅၀ ကျော်ကို လက်ခံဖို့ ၂၀၁၃ က ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဒန်က ဒီကမ်းလှမ်းမှုက ဆွေးနွေးဆဲပဲဖြစ်တယ်လို့ ပြောပါတယ်။

သြစတေးလျ နယ်စပ် ရွှေ့ပြောင်းအခြေချမှု ဥပဒေမှာ လှေဖြင့် လာရောက်ပြီး ခိုလှုံခွင့်တောင်းခံသူတွေကို ငြင်းဆိုထားပြီး ၎င်းအချက်ကို လူ့အခွင့်အရေးအဖွဲ့နဲ့ UN တို့က ကျယ်ကျယ်ပြန်ပြန့် ဝေဖန်နေကြပါတယ်။

ဒါပေမယ့် အစိုးရက ကမ်းလွန်ဒေသမှာ ထိန်းသိမ်းထားတဲ့သူတွေ သေကြေလောက်တဲ့အထိ လူတွေများနေတဲ့ အချက်ကိုတော့ ကာကွယ်ပေးထားပါတယ်။

နအုရု နိုင်ငံက မိုက်ခရိုနမ်ဆီယမ် ကျွန်းမှာ သြစတေးလျက ဒုက္ခသည်တွေကို ထိန်းသိမ်းထားရှိဖို့ စင်တာတစ်ခု ဖွင့်လှစ်ထားပါတယ်။

ဆန္ဒပြသူတွေကတော့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို သြစတေးလျမှာ ပြန်လည်အခြေချပေးဖို့ ဆန္ဒပြပွဲကို စစ်ဒနီ၊ မဲဘုန်း နဲ့ ကန်ဘာရာမှာ ပြုလုုပ်နေကြတာပဲဖြစ်ပါတယ်။

Source: Sky News

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *