မလေးရှားက စွန့်ပစ်အမှိုက်ပေါင်း ၄၅၀တန်ကို US၊ UK နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်တင်ပို့

မေလ ၂၈ရက် အင်္ဂါနေ့တွင် မလေးရှားက စွန့်ပစ် ပလက်စတစ်အမှိုက်များ ၄၅၀တန်ကို containers များဖြင့်ထည့်ကာ သက်ဆိုင်ရာ နိုင်ငံများသို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ မလေးရှားဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့ကစပြီး တရားမဝင် အမှိုက်များတင်သွင်းမှု တိုးပွားလာမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပေါင်း ၁၀ခါတိတိ ပြုလုပ်ခဲ့ပါတယ်။ ထိုအချိန်ကစလို့ အမှိုက်များ တင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၈ရက်နေ့တွင် မလေးရှားနိုင်ငံ၊ Kuala Lumpur အနောက်ဘက်ရှိ Klang သင်္ဘောဆိပ်၌ ကုန်တင်သင်္ဘော (၉)စီးပေါ်ရှိ  containers များတွင် စွန့်ပစ်ပလက်စတစ်အမှိုက်များ၊ ပြန်လည်အသုံးပြုလို့မရတဲ့ အမှိုက်များအပြင်၊ မီးဖိုချောင်သုံး အမှိုက်  များကို တင်သွင်းလာခြင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို့ကြောင့် ထိုအမှိုက်များကို ပို့လာသော သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်တင်ပို့ ပေးလိုက်တာဖြစ်ကြောင်းသိရှိရပါတယ်။ မလေးရှားရဲ့ လျှပ်စစ်၊ သိပ္ပံ၊ နည်းပညာနှင့် မိုးလေဝသဆိုင်ရာ ဝန်ကြီး Yeo Bee Yin ၏ ပြောပြချက်အရ အမှိုက်များကို  US၊ UK၊ Australia၊ Japan၊ China၊ Saudi Arabia၊ Bangladesh၊ Netherlands နှင့် Singapore နိုင်ငံများသို့ ပြန်လည် တင်ပို့ပေးခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။

တရုတ်ဟာ အရင်နှစ်တွေတုန်းက ၎င်းတို့ရဲ့ စက်ရုံများတွင် အသုံးပြုရန်အတွက် နိုင်ငံတကာမှအမှိုက်များကို လက်ခံခဲ့ပါတယ်။ သို့သော် ပြီးခဲ့တဲ့နှစ်ကစပြီး သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းလာမှုကြောင့် အမှိုက်များတင်သွင်းခြင်းကို ရပ်တန့်ခဲ့ပါတယ်။ ထို့ကြောင့် တရုတ်ကိုတင်ပို့ခဲ့သော အမှိုက်များဟာ မလေးရှာအပါအဝင် အခြားနိုင်ငံများသို့ရောက်ရှိသွားတာဖြစ်ပါတယ်။ တင်ပို့ခြင်း ခံရတဲ့နိုင်ငံများဟာ ၎င်းတို့လိုအပ်သည့် အမှိုက်ပမာဏထက် ကျော်လွန်ပြီး တင်ပို့ခြင်းခံရသဖြင့် အခုလိုပြဿနာတွေ ဖြစ်ပွား လာရ တာဖြစ်ပါတယ်။ Greenpeace အဖွဲ့အစည်းက ၂၀၁၈ခုနှစ် အစပိုင်း၇လအတွင်း အမေရိကန်မှ မလေးရှားသို့ တင်ပို့ခဲ့သော အမှိုက် များကိုစိစစ်ခဲ့ရာတွင် အရင်နှစ်တွေက ပို့ခဲ့သော အမှိုက်ပမာဏထက် ၂ဆပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဝန်ကြီး Yeo Bee Yin ပြောပြချက်အရ ပြီးခဲ့တဲ့ (၂)နှစ်အတွင်းတွင် အမှိုက်တင်သွင်းရန် UKမှ recycling ကုမ္ပဏီတစ်ခုနှင့် သ ဘောတူညီမှုပြုလုပ်ခဲ့တဲ့ အမှိုက်ပမာဏထက် ပလက်စတစ်အမှိုက်50,000 မက်ထရစ်တန်၊ကွန်တင်နာအလုံးပေါင်း ၁၀၀၀ကျော် လောက် ပိုပြီး UKရဲ့ recycling ကုမ္ပဏီက တင်သွင်းခဲ့ကြောင်းသိရပါတယ်။ ထို့အပြင် ဝန်ကြီး Yeo Bee Yin က ဖွံ့ဖြိုးပြီးနိုင်ငံများက မိမိ တို့ရဲ့ အမှိုက်များကို မိမိတို့ကိုယ်တိုင်စနစ်တကျ စွန့်ပစ်ခြင်း၊ recycle ပြုလုပ်ခြင်းတို့ပြုလုပ်ကြရန်နှင့် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အမှိုက်များ တင်ပို့မှုပြုလုပ်ခြင်းတွေကို ရပ်တန့်ကြရန်ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ်အတွင်းမှာ စွန့်ပစ်ပလက်စတစ်များတရားမဝင်တင်ပို့မှုဟာ မလေးရှာပြဿနာအပါအဝင် ၂မှုရှိပြီးဖြစ်ပါတယ်။ ပထမ အမှုကတော့ ဖိလစ်ပိုင်နှင့် ကနေဒါတို့ဖြစ်ပါတယ်။ ကနေဒါက ဖိလစ်ပိုင်သို့ တန်နဲ့ချီတဲ့ တရားမဝင်အမှိုက်တွေကို နှစ်အစပိုင်းမှာ တင်ပို့ခဲ့ပါတယ်။ ထို့ကြောင့် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က မေလ ၁၅ရက်နေ့ကို နောက်ဆုံးထားပြီး ၎င်းအမှိုက်များကို ပြန်လည် ယူဆောင်သွားဖို့ ကနေဒါအစိုးရကို အကြောင်းကြားခဲ့ပါတယ်။

ကနေဒါက ပြန်လည်ယူဆောင်ဖို့ရန် ပျက်ကွက်ခဲ့သဖြင့် ဖိလစ်ပိုင်မှ စစ်ကြေငြာရန် ပြင်ဆင်ခဲ့ပါတယ်။ သို့သော် စစ်မကြေငြာမီမှာ ကနေ ဒါအစိုးရဘက်မှ ဇွန်လအကုန်နောက်ဆုံးထားပြီး သူတို့ရဲ့ အမှိုက်များကို ပြန်လည်ယူသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သဖြင့် ၎င်း အမှုပြီးဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မလေးရှာအပါအဝင် နိုင်ငံပေါင်း ၁၈၇နိုင်ငံမှ ခေါင်းဆောင်များက Baselတွင်စုဝေးပြီး ကမ္ဘာတစ်ဝှမ်းရှိ ပလက်စတစ်အမှိုက်များကို တိုက်ဖျက်ဖို့ရန်အတွက် ညီလာခံပြုလုပ်ခဲ့ပြီး သဘောတူညီမှုများပြုလုပ်ခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *