မလေးရှားနိုင်ငံမှ ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်မိန်းကလေး Nora Quoirin ရဲ့ ခန္ဓာကိုယ်ကိုပြန်လည်ရှာတွေ့ပြီ

ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၈၀၀ မြင့်တဲ့ မလေးရှားနိုင်ငံTitiwangsa တောင်တန်းတွင် နေထိုင်သော အသက် ၁၅နှစ်အရွယ်ရှိ မိန်းကလေး Nora Quoirin ဟာ ဩဂုတ်လ (၄)ရက်နေ့ ကတည်းကသူမရဲ့အိပ်ခန်းထဲမှာ မရှိပဲ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ သူမဟာ ဦးနှောက်နှင့် ပတ်သက်ပြီး မသန်စွမ်းဖြစ်နေသူတစ်ဦးလည်းဖြစ်တယ်လို့ သိရှိ ရပါတယ်။

သူမပျောက်သွားတဲ့အချိန်ဟာ မိခင်ဖြစ်သူက Belfast တွင် ရှိနေပြီး ဖခင်ဖြစ်သူက French သို့ ခရီးသွားနေတဲ့အချိန် ဖြစ်တဲ့အတွက် သူမကိုပြန်လည်ရှာဖွေဖို့အတွက် The Lucie Blackman Trust (LBT) အဖွဲ့ က အစွမ်းကုန် ကြိုးစား ပေးခဲ့ပါတယ်။ သို့သော် (၉)ရက်ကြာပြီးနောက် ဩဂုတ်လ ၁၂ရက် တနင်္လာနေ့မှာ ဒေသတွင်းရဲများနှင့် ပရဟိတ အဖွဲ့များက သေဆုံးနေတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အင်္ဂါနေ့မှာ မိသားစုက သူမဖြစ်ကြောင်း လက်ခံ လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Nora Quoirin တို့နေတဲ့နေရာဟာ လူတွေနဲ့ အလွန်ဝေးလံတဲ့ အမြဲစိမ်းတောကြီးထဲမှာဖြစ်ပါတယ်။ ထိုတောထဲမှာ အိမ်စုစုပေါင်း၆လုံးသာရှိပြီးဧည့်သည်အယောက်(၂၀)လောက်သာနေလို့ရတာဖြစ်တယ်လို့သိရပါတယ်။ Nora Quoirin ကိုပြန်လည်ရှာဖွေဖို့ရန်အတွက် ရန်ပုံငွေအဖြစ် သူမ၏မိဘများက တောင်းခံခဲ့ရာတွင် Ireland မြောက်ပိုင်း Belfast ရှိ အမည်မဖော်လိုသူစီးပွားရေးသမားတစ်ဦးမှ စတင်အလှူထည့်ရာမှ £100,000 ($120,000) အထိရရှိခဲ့သဖြင့် သူတို့ရဲ့ သမီးကို ရှာဖွေပေးနိုင်တဲ့သူအား £100,000 ($120,000) ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ သိရှိရ ပါ တယ်။

Nora Quoirin ဟာ ဦးနှောက်ပိုင်းဆိုင်ရာတွင် မသန်စွမ်းဖြစ်နေတဲ့အတွက် သူအခက်အခဲကြုံတဲ့အချိန်မှာ ဘာလုပ် ရမလဲဆိုတာကို ဆုံးဖြတ်နိုင်ခြင်းမရှိတဲ့အတွက် စောင့်ရှောက်မှုအရမ်းကိုလိုအပ်နေတဲ့ ကလေးငယ်တစ်ဦးပဲ ဖြစ်ပါ တယ်။

Leave a comment

Your email address will not be published. Required fields are marked *