မလေးရှားရောက်မြန်မာများ အထူးသတိထားရမယ့် လာမယ့် စနေ

နိုဝင်္ဘာလ ၂၄ရက်၊လာမယ့် စနေနေ့ ဟာ မလေးရှားမှာအလုပ်သွားလုပ်နေကြတဲ့ မြန်မာတွေအတွက် အထူးသတိ ထားကြရမယ့်နေ့ ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။ ဘာကြောင့်လဲ။ လာမယ့်စနေနေ့မှာ ဆူဇူကီး ဖလားအုပ်စုA နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အိမ်ရှင်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး အသင်းနှစ်သင်းအတွက် ဘယ်အသင်းက ကစားပွဲကနေထွက်ခွါရမယ် ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲဖြစ်နေလို့ပါပဲ။

မလေးရှာ အစိုးရ သယ်ယူပို့ဆောင်ရေးဋ္ဌာနအနေနဲ့ မလေးရှားဘော်လုံးပရိတ်သတ်တွေ ဘော်လုံးပွဲကျင်းပရာ Bukit Jalil အားကစား ကြီးဆီကို အသွားအလာလွယ်ကူစေဖို့ LRT နဲ့ MRT ရထားဝန်ဆောင်မှုနှစ်ခုလုံးကို စနေနေ့ည တစ်နာရီအထိ အချိန်ပို ပြေးဆွဲပေးမယ်လို့ ကြေငြာထားပါတယ်။ အခြားဘူတာတွေက ပုံမှန်အချိန်အတိုင်း ပိတ်ထား ကြမှာ ဖြစ်ပေမယ့် MRT စီးမယ့်သူတွေက Maluri ဘူတာ ဒါမှမဟုတ် Palaza Rakyat/Merdeka ဘူတာလမ်းဆုံကိုအသုံးပြုကြဖို့နဲ့ Kelana Jaya လိုင်းကို သွားမယ့်သူတွေအတွက် Masjid Jamek လမ်းဆုံကို အသုံးပြုကြဖို့ အသိပေးထားကြောင်းသိရပါတယ်။ ခရီးသွားတွေအနေနဲ့Kelana Jaya Line ဒါမှမဟုတ် MRT တစ်ခုခုကို အသုံးပြုဖို့ အတွက် Central Market Integration ဘူတာကို အသုံးပြုနိုင်ကြောင်းသိရပါတယ်။

KUALA LUMPUR, MALAYSIA – NOVEMBER 12: Malaysian fans cheer during the AFF Suzuki Cup Group A match between Malaysia and Laos.

နှစ်သင်းလုံးအတွက် နောက်ဆုံးအဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်တဲ့ အပြင် မလေးရှားကအိမ်ရှင်လည်းဖြစ်နေတာကြောင့် လူဦးရေ ၄၀၀၀၀ အနည်းဆုံးလာရောက်အားပေးကြမယ်လို့ မျှော်လင့်ထားကြောင်းသိရပါတယ်။

ဘော်လုံးပွဲချစ်ပရိတ်သတ်တွေဆိုတာ မိမိအားပေးတဲ့ အသင်းအရှုံးအနိုင်ပေါ်မူတည်ပြီး စိတ်လှုပ်ရှားမှုခံစားချက်တွေ ပြင်းထန်ပေါက်ကွဲတတ်ကြတာကို အားလုံးလည်းသိပြီးသားဖြစ်ကြမှာပါ။ ဒီပွဲမှာသာ မလေးရှာ အသင်းရှုံးနိမ့်ခဲ့မယ် ဆိုရင် လူများစုဖြစ်တဲ့ အပြင် အိမ်ရှင်ဖြစ်နေတဲ့မလေးရှားတွေအနေနဲ့ လူနည်းစုမြန်မာအလုပ်သမားတွေအပေါ် မထင်မှတ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ မလေးရှားရောက်မြန်မာတွေ ကြိုတင်သိထားကြဖို့ လိုပါ တယ်။မလေးရှားအသင်းအနေနဲ့လည်းအိမ်ရှင်ပီပီ အားအပြည့်နဲ့ ကစားမှာ ဖြစ်သလို မြန်မာအသင်းအနေနဲ့လည်း ပွဲကြည့်စင်ပေါ်က အသံကို ဂရုမစိုက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးကစားသွားဖို့ လိုပါတယ်။
နောက်ဆုံးအနေနဲ့ အသိပေးလိုတာကတော့ အမိမြေကိုခွဲခွါပြီး ရုန်းကန်ကြိုးစားနေကြရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပွဲကြည့်စင်ပေါ်ကနေ မြန်မာဟေ့လို့ အားပေးကြွေးကြော်ချင်ကြတာကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် လူနည်းစုဖြစ်နေ တဲ့အပြင် ဧည်သည်တွေလည်းဖြစ်နေတဲ့အတွက် စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ နိုင်ငံရဲ့ စည်းကမ်းကို လိုက်နာကြဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်စနေနေ့ကတော့ မလေးရှားရောက် မြန်မာအားလုံးအတွက် အထူးသတိထား ရမယ့် နေ့တစ်နေ့ဖြစ်ကြောင်း သတိပေး တင်ပြလိုက်ရပါတယ်။

Leave a comment

Your email address will not be published.