မလေးရှားအိမ်ရှင်မတစ်ဦးသည် တမန်တော်မိုဟာမက်ကို ဝက်တစ်ကောင်လို့ပြောဆိုခဲ့မှုကြောင့် ထောင်ဒဏ်၆လကျခံရ

မလေးရှားနိုင်ငံရဲ့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ သမ်ယွတ်မွိုင်သည် “တမန်တော်မိုဟာမက်ဟာ ဝက်တစ်ကောင်ဖြစ်တယ်”လို့ပြောကြားခဲ့ပါတယ်။

အသက် ၄၆နှစ်ရှိတဲ့ သူမဟာ ပြီးခဲ့တဲ့နှစ် မေလ ၄ရက်နေ့တွင် ပီရက်ခရိုင်ရှိ အဘူအူဘိုင်ဒါဗလီ ဝတ်ပြုခန်းမှာ တမန်တော်မိုဟာမတ်ကို စော်ကားခဲ့တယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ သူ၏ပြောဆိုမှုကို ဗလီရှိ လူ၃ဦးက ကြားခဲ့ပြီး ဒီလိုပြောခြင်းသည် သူတို့ကိုစော်ကားတာပဲလို့ ယူဆခဲ့ကြောင်းလဲသိရပါတယ်။

ရာဇဝတ်တရားရုံး တရားသူကြီး စစ်တီဟာနမ်မိုမက်ဆာက နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို စစ်ဆေးကာ အိမ်ရှင်မ သမ်ယွတ်မွိုင်ကို စွဲချက်သုံးခု ချမှတ်ခဲ့ပြီး စွဲချက်တစ်ခုချင်းစီကို ထောင်ဒဏ် ၂လနှင့် ဒဏ်ငွေ ၅၀၀၀ စီချမှတ်ခဲ့တာဖြစ်ပါတယ်။

သူမကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၈နဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး ထိုပုဒ်မသည် အများဆုံးထောင်ဒဏ်တစ်နှစ် ဖြစ်စေ ဒဏ်ငွေဖြစ်စေ ဒါမှမဟုတ် နှစ်ခုလုံးဖြစ်စေ ကျရနိုင်တယ်လို့သိရပါတယ်။

သို့သော်လည်း တရားရုံးက အယူဝင်ခွင့်အတွက် ရင်းဂစ်၅၀၀၀ နှင့်အာမခံပေးခဲ့ပြီး ထောင်ဒဏ်ကို ဆိုင်းငံ့ပေးခဲ့ပါတယ်။သူမ၏ ပတ်စပို့စ်ကို တရားရုံးသို့ လွှဲပြောင်းအပ်နှံဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published.