မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

သိပ္ပံရုပ်ရှင်တော်တော်များများမှာ စက်ရုပ်တွေ ကမ္ဘာကြီးကို အုပ်စိုးတာမျိုး၊ လူတွေက စက်ရုပ်လို စွမ်းဆောင်နိုင်အောင် လုပ်လာတာမျိုးတွေကို ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြပါလိမ့်မယ်။ လူရဲ့ ကျောရိုး (spinal cord) ကို ခွဲစိတ်မှုအသေးစားလုပ်ပြီး chipset လေးထည့်လိုက်တာနဲ့ စက်ရုပ်တွေလို စွမ်းဆောင်နိုင်တဲ့ လူသားတွေကို ရုပ်ရှင်မှာ လူတိုင်းတွေ့ဖူးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က​ Elon Musk က ဒီလိုလုပ်နိုင်တဲ့ chipset ကို မိတ်ဆက်ခဲ့ပါတယ်။

ဒီသတင်းက​ လူတော်တော်များများကို အံ့အားသင့်သွားစေပါတယ်။ တစ်ကယ်တမ်းဒီလို ဖြစ်လာပြီလားဆိုတဲ့ မေးခွန်းတော်တော်များများက မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီ chipset ထုတ်တဲ့ company နာမည်က Neuralink ဖြစ်ပြီး Elon Musk ရဲ့ company အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ company ရဲ့ ရည်ရွယ်ချက်ကတော့ မသန်စွမ်း၊ မလှုပ်ရှားနိုင်တဲ့လူတွေကို ကွန်ပျူတာတွေ၊ ဖုန်းတွေ အသုံးပြုနိုင်အောင်နဲ့ အခြား သာမန်လူတစ်ယောက် စွမ်းဆောင်နိုင်တဲ့အရာတွေကို ပြုလုပ်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။

Chipset က လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအလုပ်လုပ်လဲ?

ပထမဆုံ ဒီ chipset လေးကို အသုံးပြုဖို့အတွက် လူရဲ့ ကျောရိုးထဲမှာ မြှုပ်ထည့်ရပါမယ်။ ဒီ chipset လေးရဲ့ အရွယ်အစားက အလွန်သေးငယ်ပြီး အသုံးပြုထားတဲ့ wire ကြိုးလေးတွေရဲ့ အရွယ်အစားက ဆံချည်မျှင် တစ်ပင်ထက်ကို သေးငယ်ပြီး ပါးလွှာပါတယ်။ ဒီ chipset လေးက neuron waves တွေကိုဖတ်ပြီး ကိုယ်လုပ်ချင်တဲ့အရာတွေကို အထောက်အကူပေးပါတယ်။ ဥပမာ ဖုန်းသုံးတာမျိုးနဲ့ ကွန်ပျူတာအသုံးပြုတာမျိုးကို bluetooth နည်းပညာနဲ့ data transfer တွေကို လုပ်ပေးနိုင်ပါတယ်။ ဒီလိုနည်းနဲ့ မသန်စွမ်း မလှုပ်ရှားနိုင်တဲ့လူတွေက ကွန်ပျူတာတွေ၊ ဖုန်းတွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှုတွေကိုတော့ လူနဲ့မစမ်းသပ်ရသေးပေမယ့် မျောက်နဲ့ ကြွက်တွေမှာ စမ်းသပ်ပြီးပြီ ဖြစ်ပါတယ်။ မျောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ chipset ထည့်သွင်းပြီး မျောက်ကို ကွန်ပျူတာ အသုံးပြုစမ်းသပ်မှုက အောင်မြင်သွားပြီ ဖြစ်ပါတယ်။ ကြွက်ရဲ့ ခေါင်းအပေါ်မှာတော့ USB-C ပါဝင်တဲ့ chipset နဲ့ စမ်းသပ်ခဲ့ပါတယ်။

Neuralink company ရဲ့ အနာဂတ် Plan

Elon Musk က လက်ရှိ ဒီ company တည်ထောင်ရခြင်း ရည်ရွယ်ချက်က သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာ အများကြီးပေါ်ထွက်လာအောင် တည်ထောင်ခြင်းဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာတော့ ဆရာဝန်တွေကိုယ်တိုင် အသုံးပြုလို့ရအောင် ကျောရိုးထဲထိ ဖောက်ပေးပြီး chipset တွေကိုမြှုပ်ပေးနိုင်တဲ့ စက်တွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒီ chipset ကို အသုံးပြုတဲ့လူက chipset ကို ထိန်းချုပ်ပြီး chipset က လူတွေကို ထိန်းချုပ်မှာ မဟုတ်ပါဘူး။

လက်ရှိမှာ idea တစ်ခုထက် တစ်ကယ်အလုပ်ဖြစ်တယ်ဆိုပေမယ့် FDA ခွင့်ပြုချက်ရဖို့နဲ့ နိုင်ငံတစ်ကာ အဖွဲ့အစည်းတွေ ခွင့်ပြုချက်ရဖို့ အချိန်အများကြီး စောင့်ရအုံးမယ်လို့လည်း Elon Musk က ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *