မာလီတွင် သောင်းကျန်းသူများက စစ်စခန်း(၂)ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား (၂၅)ဦး သေဆုံးခဲ့

အာဖရိကတိုက်ရဲ့ နံပါတ်(၈)အကြီးဆုံးနိုင်ငံဖြစ်သလို ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ မာလီတွင် စက်တင်ဘာလ (၃၀)ရက် တနင်္လာနေ့၌ သောင်းကျန်းသူများက စစ်စခန်း (၂)ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား(၂၅)ဦး သေ ဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရကာ (၆၀)ဦး ပျောက်ဆုံးနေတဲ့အပြင် စစ်လက်နက်တစ်ချို့လည်း ပျောက်ဆုံး နေ တယ်လို့ အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရသဖြင့် လုံခြုံရေးစစ်တပ်အင်အားများကို Burkina Faso နယ်နိမိတ်ရှိ Boulkessi နှင့် Mondoro သို့ ပို့ဆောင်ကာ စစ်စခန်းများကို ပြန်လည်ရယူရန် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Separatists နှင့် al Qaeda-linked သောင်းကျန်းသူများဟာ အာဖရိကမြောက်ပိုင်းရှိ ကုန်းတွင်းပိတ် နိုင်ငံများ၏ စစ်စခန်းများကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ထို့အပြင် ဂျီဟတ် သောင်း ကျန်းသူများက လည်း မာလီရဲ့ အလည်ပိုင်းနှင့် မြောက်ပိုင်းကို ၂၀၁၂ခုနှစ်ကတည်းက တပ်ဖြန့်ထားတာဖြစ်ပြီး နိုင်ငံခြား စစ်တပ်များ နှင့် အစိုးရစစ်တပ်ကလည်း ကုန်းတွင်းပိတ်နိုင်ငံများအတွင်းရှိ သောင်းကျန်းသူများ ယူထားတဲ့ နယ်မြေများကို ပြန် လည်ရယူနိုင်ရန်ကြိုးစားနေကြတာဖြစ်ပါတယ်။

သောင်းကျန်းသူများဘက်မှ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဟာ အကြိမ်ကြိမ်ပဲဖြစ်ပါတယ်။ ဂျွန်လတုန်းကလည်း Moptiဒေသရှိရွာ၂ရွာကိုတိုက်ခိုက်ခဲ့ခြင်းကြောင့်လူ၄၀သေဆုံးပြီးDogonရွာတွင်တိုက်ခိုက်မှုကြောင့် (၉၅)ဦး သေဆုံး ကာ နေအိမ်အမြောက်အများ မီးလောင်သွားခဲ့ရပါတယ်။ မတ်လတုန်းကလည်း မာလီအလည်ရှိ Dioura မြို့၏ စစ် စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား အယောက်(၂၀) သေဆုံးခဲ့ရပါသေးတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *