မိခင်နို့ရည်က ရင်သွေးငယ်တွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိစေနိုင်လဲ?

မိခင်နို့ရည်က မွေးကင်းစကလေးငယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်တဲ့အပြင် ရင်သွေးငယ်တစ်ဘဝစာအတွက် များပြားတဲ့အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

မိခင်နို့ရည်က ရင်သွေးငယ်ကို ဖျားနာခြင်းများက ကာကွယ်ပေးနိုင်ပါတယ်။ မွေးကင်းစမှ ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်း တိုက်ကျွေးတာက ကလေးငယ်ကို ကိုယ်ခံအားကောင်းစေပြီး ဖျားနာခြင်းများက ပိုပြီးကာကွယ်မှုပေးနိုင်ပါတယ်။

မိခင်နို့ရည်က ရင်သွေးငယ်ကို အလက်ဂျီကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း အပြည့်အဝကာကွယ်ပေးပါတယ်။

မိခင်နို့ရည်က ရင်သွေးငယ်ရဲ့ ဉာဏ်ရည်ကို ကောင်းမွန်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

ဒါ့အပြင် ရင်သွေးငယ်ကို အဝလွန်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

မိခင်နို့ရည်တိုက်ကျွေးခြင်းက ရင်သွေးငယ်တွေအတွက် အကျိုးကျေးဇူးများစွာရရှိစေရုံသာမက မိခင်အတွက်လည်း များစွာအကျိုးရှိစေပါတယ်။ ရင်သွေးငယ်ကို နို့ရည်တိုက်ကျွေးခြင်းအားဖြင့် ကလေးမွေးဖွားပြီးချိန်မှာဖြစ်တတ်တဲ့ စိတ်ကျဝေဒနာတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ရုံသာမက ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်ပွားမှုကိုပါ လျော့ကျစေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *