မိနစ်ပိုင်းအတွင်းမှာပဲ အယ်လီဘာဘာကုပ္ပဏီမှ ပေါင် ၂ သန်း ဝင်ငွေရရှိ

တရုတ်ရဲ့ ကြီးမားတဲ့ အွန်လိုင်းဈေးကွက် တစ်ခုဖြစ်တဲ့ အယ်လီဘာဘာဟာ နိုဝင်ဘာလ ၁၁ရက်နေ့တွင် ခမ်းနားကြီးကျယ်တဲ့ discount ချ ဈေးရောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ၎င်းပွဲတွင် မိနစ်ပိုင်းအတွင်း ပေါင် ၂ သန်းအထိ ရရှိခဲ့တယ်လို့ပြောပါတယ်။ ဒီပွဲဟာ တစ်ကယ်တော့ တရုတ်လူမျိုးတွေပဲ လုပ်တဲ့ပွဲဖြစ်ပေမယ့် ကမ္ဘာ့အကြီးမားဆုံးအွန်လိုင်းဈေးကွက်တစ်ခုဖြစ်တာကြောင့် အမေရိကန်နဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့အထိဖြစ်ခဲ့ပါတယ်။

နီကိုလ်းကစ်မန်းနဲ့ ဖာရယ်ဝီလီလျံ က တောက်ပခမ်းနားကြီးကျယ်တဲ့ ရှစ်ကြိမ်မြောက်ပွဲအတွက် ကူညီပေးခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၀ရက်နေ့မှာ ၎င်းပွဲအတွက် အယ်လီဘာဘာရဲ့ အကြီးအကဲ ဂျက်မားက တက်ရောက်ခဲ့ပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသမီးတွေ၊ အဆိုတော်တွေ၊ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရှန်ဇီရီ နဲ့ ဘင်းဘင်း တို့ကတက်ရောက်ခဲ့ကြပါတယ်။

မနှစ်တုန်းကတော့ ဒေးဗစ် ၊ ဗစ်တိုးရီးယား ဘက်ဟန်း နဲ့ ကိုဘီးဘရိုင်ယန်တို့ တက်ရောက်ခဲ့ကြပါတယ်။ လက်လီ ရောင်းတဲ့ အွန်လိုင်းစီးပွားရေးတစ်ခုကတော့ ဘီဂျီယူ အရက် ကို ယွန် ၁၁,၁၁၁ (ပေါင် ၁၂၇၅) နဲ့ တစ်သက်တာ သောက်သုံးခွင့် ရဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီကိန်းဂဏန်းကတော့ ၎င်းကျင်းပတဲ့ ပွဲရဲ့ ပထမဆုံးပေးတဲ့နာမည်ကို ကိုယ်စားပြုတာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်ကိုလည်း ကိုယ်စားပြုချင်တာဖြစ်ပါတယ်။ နောက်ပြီး တစ်ဦးတည်းကသာ အွန်လိုင်း စီးပွားရေးလုပ်ဆောင်တာကို ကိုယ်စားပြုတာဖြစ်ပါတယ်။

ခန့်မှန်းခြေအရ နောက်တစ်ပတ်မှာ ၁.၅ ဘီလီယံ ရှိတဲ့ ပါဆယ်အထုတ်တွေကို ပေးပို့ရဖို့ရှိနေပါတယ်။ တရုတ်ရဲ့ အွန်လိုင်းစီးပွားရေးဈေးကွက် ဟာ လေဖိအားတိုင်းကိရိယာတစ်ခု လိုဖြစ်ပြီး ၎င်းကို အကဲဖြတ်သူတွေ နဲ့ ရင်းနှီးမြုပ်နှံလိုသူတွေက စောင့်ကြည့်နေကြပါတယ်။

စစ ရောင်းချင်းမှာပဲ မနှစ်ကစာရင်းနဲ့ ပေါင်းလိုက်ရင် ပေါင် ၁၃ ဘီလီထိ စုစုပေါင်းရရှိနေပြီဖြစ်ပြီး ၂၀၁၅ ထက်စာရင် သုံး ပုံထိ မြင့်တက်လာတာဖြစ်ပါတယ်။

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *