မိမိကလေးငယ်တွေ ကျန်းမာရေးကောင်းစေဖို့ မိဘများသိထားသင့်သည့်အရာများ

မိမိရဲ့ ရင်သွေးငယ်လေးတွေ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်ပြီးဆိုရင် မိဘတွေအနေနဲ့ တော်တော်လေးကို စိတ်ပူပင်သောကရောက်ကြရပါတယ်။ ကုသခြင်းထပ် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးထိရောက်တယ်ဆိုတဲ့ စကားအတိုင်း မိမိရဲ့ ရင်သေးငယ်တွေ ရောဂါမဖြစ်ပွားရလေအောင် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

ရာသီအပြောင်းအလဲဖြစ်ချိန်

ကလေးငယ်အများစုဟာ ရာသီပြောင်းလဲတဲ့အချိန်တွေမှာ မကျန်းမမာဖြစ်တတ်ကြပါတယ်။ ကလေးငယ် မပြောနဲ့ ကိုယ်ခံအား မြင့်မားတဲ့ လူကြီးတွေတောင် ရာသီပြောင်းလဲချိန်မှာ မကျန်းမမာဖြစ်တတ်ကြပါတယ်။ များသောအားဖြင့် အထက်လန်အောက်လျှော၊ ဝမ်းလျှောဝမ်းပျက်တို့လို အစာအိမ်၊အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ အအေးမိ၊တုပ်ကွေးနဲ့ လည်ချောင်းနာစတဲ့ ဘက်တီးရီးယားတွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ခံစားရတတ်ပါ တယ်။ ထို့ပြင် မမြင်ရတဲ့ ရောဂါပိုးမွှားတွေက ကလေးငယ်တွေအတွက် အဓိကရန်သူဖြစ်ပါတယ်။ ကလေးတွေကစားနေတဲ့ အရုပ်တွေ အရာဝတ္ထုတွေ ကလေးငယ်အချင်းချင်း ပူးကပ်ရာမှ ကူစက်တတ်ကြပါတယ်။

ကာကွယ်မယ့်နည်းလမ်းများ

ကာကွယ်တာတဲ့နေရာမှာ အဓိကကတော့ မိဘတွေရဲ့ ဂရုစိုက်မှုပါ။ မိမိကလေးငယ်တွေကို သန့်ရှင်းအောင်ထားရမှာဖြစ်ပါတယ်။ လက်ရဲ့ သန့်ရှင်းမှုက ပထမ နေရာမှာရှိပါတယ်။ လက်ကို သန့်ရှင်းလုပ်တတ်တဲ့ အကျင့်ကို မိဘတွေကိုယ်တိုင် အပါအဝင် ကလေးငယ်တွေကိုပါ လေ့ကျင့်ပေးထားရမှာဖြစ်ပါတယ်။ အိပ်ရာဝင်ချိန်မှာ အသုံးပြုတဲ့ ခေါင်းအုံးစွပ်တွေ အိပ်ရာခင်းအဖုံးတွေ ဖက်ခေါင်းအုံးစွပ်တွေကို လဲလှယ်ပေးဖို့ကိုလည်း သတိထားရမှာဖြစ်ပါတယ်။ ထို့ပြင် လိုအပ်တဲ့ကာကွယ်ဆေးတွေကိုလည်း ထိုးထားပေးရမှာဖြစ်ပါတယ်။ ဒုတိယကတော့ ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ ချစ်ရတဲ့ကလေးတွေကို အချိန်မှန်မှန် အစာစားစေဖို့ စားတဲ့အခါမှာလည်း အာဟာရညီညွတ်မျှတတဲ့ အစားအစာတွေကို ကျွေးပေးဖို့လိုအပ်ပါတယ်။

Leave a comment

Your email address will not be published.