မိမိရဲ့ ကလေးများကို ပိုးဟပ်များ၊ကြမ်းပိုးများဖြင့် ပြည့်နေတဲ့အိမ်ထဲမှာ ထားတဲ့ Kentucky မှ အမေအားရဲများကဖမ်းဆီး

ပြီးခဲ့တဲ့အပတ်က Kentucky ပြည်နယ်၊ Louisville မြို့ အရှေ့ဘက် မိုင် ၇၀ အကွာတွင်တည်ရှိသည့် Georgetown မြို့မှ ကလေး(၃)ယောက်ရဲ့ အမေဖြစ်သူ အသက် ၂၇နှစ်အရွယ်ရှိ  Sarah Herald ကို ရဲများက ခေါ်ယူဖမ်းဆီး ခဲ့ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းအရင်းကတော့ ပိုးဟပ်များ၊ ကြမ်းပိုးများ၊ အမှိုက်များဖြင့် ပြည့်နေသောအိမ်ထဲတွင် အသက် (၅)နှစ်ဝန်းကျင်သာရှိသေးတဲ့ မိမိရဲ့ ကလေး(၃)ယောက်ကို ထားထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ထိုအကြောင်းအရာကို အိမ်နီးချင်းများက အမြင်မတော်လွန်းတဲ့အတွက်ကြောင့် ရဲများကိုတိုင်ကြားခဲ့တာကြောင့် ရဲများက ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။ရဲများကသူမရဲ့အိမ်ကိုသွားရောက်စစ်ဆေးခဲ့ရာမှာအသက်(၂)နှစ်၊(၄)နှစ်နဲ့ (၅)နှစ် အရွယ်သာရှိသေးတဲ့ ကလေး(၃)ယောက်ဟာ တစ်ကိုယ်လုံးညစ်ပတ်နေပြီး ကြေးများနှင့် ပြည့်နေတဲ့ ခြေသည်း၊ လက် သည်းတွေနဲ့ အိမ်ရှေ့မှာ ဆော့ကစားနေတာကိုတွေ့ခဲ့ရပါတယ်။ ထို့အပြင် ကလေးများရဲ့ အိပ်ရာပေါ်မှာလည်း ပိုးဟပ်များ၊ ကြမ်းပိုးများဟာ သေနေတာလည်းရှိသလို ရှင်နေတာလည်းရှိပြီး ၎င်းပိုးများရဲ့ အညစ်အကြေးများ နှင့်လည်း ပြည့်နေတယ်လို့သိရပါတယ်။ အိမ်နောက်ဖေး မီးဖိုချောင်မှာလည်း နံနေတဲ့ အမှိုက်ပုံကြီးလည်း တည်ရှိနေ တဲ့အတွက်ကြောင့် အိမ်ရှေ့ကဖြတ်သွားတာနဲ့ပင် ပုပ်နံ့များရသည်အထိဖြစ်နေပါတယ်။ရဲများက Sarah Herald ကိုစစ်မေးရာတွင် ၎င်းပိုးဟပ်များနှင့် ကြမ်းပိုးများကို သတ်ရန်အတွက် ဆေးများဖျန်း ခဲ့သော်လည်း မထိရောက်တဲ့အတွက်ကြောင့်ယခုလို ဖြစ်နေရတာဖြစ်ကြောင်းနှင့် ရေခဲသေတ္တာထဲမှာရှိတဲ့ စားစရာ တွေကလည်း သတ်မှတ်ရက်ကျော်လွန်နေပြီးဖြစ်တဲ့အတွက် သူမရဲ့ကလေးများကို ပုံမှာပြထားတဲ့ Pop.tarts ကိုသာ ကျွေးနေရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သူမရဲ့ ကလေးများကို ကလေးများထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အစည်းကသူမ၏ အဖွားဖြစ်သူ ထံသို့ ပို့ဆောင်ပေးခဲ့ပြီး သူမကိုလည်း Scott ခရိုင်ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းထားကာ အမှု(၃)မှုဖြင့် လာ မည့် အင်္ဂါနေ့တွင် ရုံးတင်စစ်ဆေးမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *