မိသားစုဓာတ်ပုံကို ကျွမ်းကျင်ဓာတ်ပုံဆရာခေါ်ရိုက်ရာ ဟာသပုံများ ထွက်လာ

Pam Zaring ဆိုသူ အမျိုးသမီး တစ်ဦးသည် သူမ၏ မိသားစု ဓါတ်ပုံရိုက်ရန် ကျွမ်းကျင်သူ ဓါတ်ပုံဆရာတစ်ယောက် ဓာတ်ပုံရိုက်ခ (၂)ဒေါ်လာမှ (၂၅၀) ဒေါ်လာအထိပေးပြီး ငှားရမ်းခဲ့ပါတယ်။

ဓါတ်ပုံများ ရရှိချိန်တွင် ပုံများဟာ ရယ်မောစရာကောင်းသော ပုံများဖြစ်နေပါတယ်။ မိသားစုဝင် များ၏ ဓါတ်ပုံများမှာ ကာတွန်းဇာတ်ကောင်များကဲ့သို့ ဆေးရောင်ခြယ်ထားသည့်အတိုင်း ပြုပြင်ထားတာဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံများဟာ သာမန်ကျွမ်းကျင် အဆင့်ထပ်ကို ကျော်လွန်နေတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။

Zaring အမျိုးသမီးသည် သူမ၏ မိသားစုဓါတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့ရာ လူအများအပြား နှစ်သက်သဘောကျမှုကို ခံခဲ့ရပါတယ်။ ဓါတ်ပုံများမှာ ဓါတ်ပုံဆရာအမှန်တကယ် ပို့ခဲ့သောဓါတ်ပုံများဖြစ်ပြီး ပြုပြင်ထားခြင်းမရှိခဲ့ပါဘူး။ သူမပေးခဲ့ရသော ငွေကြေးနှင့် ပြန်ရရှိခဲ့သည့် ဟာသမှာ ထိုက်တန်ခဲ့သည်ဟုလည်းရေးသားဖော်ပြခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *