မိသားစုနဲ့ အလုပ် ဘယ်ဟာကိုရွေးမလဲ?

မိသားစုနဲ့အလုပ်ဘာကိုရွေးမလဲလို့ မေးလိုက်ရင် ရွေးချယ်လိုက်တာထက် (၂)ခုကို ညီတူညီမျှဖြစ်စေဖို့ ကြိုးပမ်းရပါမယ်။

အရင်ဆုံးအလုပ်ထက် မိသားစုမှ ဘာတွေလိုအပ်နေသလဲအရင်ကြည့်ပါ။ ပိုက်ဆံပေးလိုက်တာမျိုးမဟုတ်ဘဲ တကယ်လိုအပ်တဲ့အရာများကို ဖြည့်ဆည်းပေးနိုင်ရန်အထူးလိုအပ်ပါတယ်။ အလုပ်ကို အာရုံစိုက်သည်က တစ်ပိုင်း၊ မိသားစုကို အချိန်ပေးသည်က တစ်ပိုင်း စသဖြင့် ညီမျှအောင် ဆောင်ရွက်ရပါမယ်။

မိသားစုကို ထောက်ပံ့နိုင်ရန် ငွေကြေးလိုပါတယ်။ ၎င်းကို အလုပ်၏ လစဉ်လစာမှ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ကိုပဲ အမြဲအာရုံစိုက်နေခြင်းက မိသားစုကို ပျိုးထောင်ဖို့အချိန်မရှိဘဲ တစ်ကိုယ်တည်း အထီးကျန်ဆန်လာသလို ခံစားလာနိုင်ပါတယ်။ ထိုအပြင် လူအများမှလည်း သင့်ကို မိသားစုတာဝန်မယူလိုသူတစ်ဦးအဖြစ်မြင်လာနိုင်ပြီး လူမှုဆက်ဆံရေးမှာ ပြဿနာများရှိလာနိုင်ပါတယ်။ မိသားစုဝင်များနှင့်လည်း တဖြည်းဖြည်း အနေစိမ်းလာပြီး တိုင်ပင်မှုမရှိဘဲ စိတ်သဘောထားများပင် ကွဲလွဲလာနိုင်ပါတယ်။ ထိုကြောင့် သင့်ကို အမြဲ အားပေးထောက်ပံ့နေမည့် မိသားစုဝင်များကို မမေ့မလျော့ဘဲ အချိန်ပေး နေထိုင်ပေးပါ။

Leave a comment

Your email address will not be published. Required fields are marked *