မိုင်ခရိုဆော့ဖ်ရဲ့ Browser အသစ်က သတင်း ဌာနတွေရဲ့ အရည် အသွေးကို ဆုံးဖြတ်နိုင်ပြီ

သတင်းခေတ်လူသားတွေပီပီ အချိန်နဲ့အမျှ သတင်းနောက်ကို ကောက်ကောက်ပါအောင်လိုက်ပါ နေကြတဲ့ ဒီခေတ်ကြီး မှာ ကလစ်တစ်ချက်ရိုက်လိုက်တာနဲ့ သိလိုတာတွေ အကုန်ကျလာတဲ့ အတွက် သတင်းအရင်းအမြစ် အမှား အမှန်ကို ရွေးချယ်ဆုံးဖြတ်ဖို့ အင်မတန်ခက်ခဲလာပါတယ်။ လူတွေလိုက်နေတဲ့ သတင်းဆိုတာ နေ့စဉ်စားသောက်နေတဲ့ အစား အသောက်တွေလိုပါပဲ။ လူတွေစားသောက်လိုက်တဲ့ အစားအစာတွေမှာ လူကိုအကျိုးပြုတဲ့ အာဟာရဓါတ် တွေ ပါသလို လူတွေကို ဘေးဒုက္ခဖြစ်စေတဲ့ အဆိပ်အတောက်တွေကလည်း ရောနှောပါလာတတ်ပါတယ်။ ဒီလိုပါပဲ။ သတင်းမှာ လည်း ဖတ်ရရုံ၊ သိရရုံလောက်နဲ့ အကျိုးမပြုနိုင်ပါဘူး။ ဒီသတင်းကိုရယူလာတဲ့ အရင်းအမြစ်မှန်ကန်တိ ကျဖို့၊ ယုံကြည် ကိုးစားလောက်တဲ့ သတင်းဖေါ်ပြသူတွေဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီနေ့ လူအများစုဟာ ကမ္ဘာပေါ်မှာ ရေပန်းစားနေတဲ့ Facebook နဲ့ twitter တို့လို လူမှုကွန်ရက်တွေကနေတ ဆင့် သတင်းတွေကို ရယူနေကြတာတွေများပြားလာနေတဲ့အတွက် အများပြည်သူကြားမှာ သတင်းမှားတွေ၊ မမှန် မ ကန် လုပ်ကြံသတင်းတွေဖေါင်းပွလာနေတာကို တွေ့ရပါတယ်။ မိုင်ခရိုဆော့ဖ်ရဲ့ ဗားရှင်းသစ် Browser တစ်ခုဖြစ်တဲ့ NewsGuard ကတော့ ယုံကြည်ကိုးစားရတဲ့ သတင်းဋ္ဌာနတွေက ဘာတွေလဲဆိုတာ ပြောလိုက်ပါပြီ။ NewsGuard ကို Chrome ရဲ့ တိုးချဲ့ Browser တစ်ခုအဖြစ် အသုံး ပြုနိုင်မှာ ဖြစ်ပြီး သတင်းဋ္ဌာနတွေနဲ့ သတင်းထုတ်ဝေသူတွေရဲ့ အဆင့် တွေကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။
NewsGuard က ကမ္ဘာ့သတင်းဋ္ဌာနကြီး ၂၉ ခုရဲ့ အခြေအနေတွေကို ယုံကြည်စိတ်ချရမှုရှိ၊ (Trustworthy) ယုံကြည်စိတ်ချရမှုမရှိ(Not trustworthy) နဲ့ သတိပေးချက်နဲ့ ယုံကြည်စိတ်ချရမှု (Trustworthy with caveats) ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ရာမှာ ကမ္ဘာသိ အာရပ်သတင်း ဋ္ဌာနတစ်ခုဖြစ်တဲ့ AlJazeera ကတော့ ယုံကြည်စိတ်ချရမှုမရှိတဲ့သတင်းရင်းမြစ်တစ်ခုအဖြစ်ဖေါ်ပြခံရပြီး BBC ကတော့ သတိပေးချက်နဲ့ ယုံကြည် စိတ် ချရမှုအဆင့်ကိုသတ်မှတ်ခံခဲ့ရပါတယ်။အပြည့်အစုံကိုအောက်မှာဖေါ်ပြပေးလိုက်ပါတယ်။
မိုင်ခရိုဆော့ဖ်ရဲ့ကျေးဇူးနဲ့ မှန်ကန်တိကျပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကို ပြည်သူများ ရွေးထုတ် လာ နိုင် ကြတော့မှာဖြစ်တဲ့အတွက် အများပြည်သူကို အကျိုးပြုနိုင်သလို သတင်းဋ္ဌာနတွေအနေနဲ့လည်း ပြည်သူအများစု ယုံကြည်ကိုးစားရတဲ့ သတင်းဋ္ဌာနတွေဖြစ်ဖို့ ဆက်လက်ကြိုးစားကြဖို့ လိုကြောင်း တင်ပြလိုက်ပါတယ်။

Source:Business Insider

Leave a comment

Your email address will not be published. Required fields are marked *