မီးဖိုချောင်က အမှိုက်ပုံးကိုအမှိုက်နည်းအောင် ဘယ်လိုလုပ်ကြမလဲ

လူတော်တော်များများက ဈေးဝယ်ထွက်ရင်အိမ်မှာ စားတာထက်ပိုပြီးဝယ်ကြတယ်။ ဒါကြောင့် မလိုအပ်ဘဲ အမှိုက်ပုံးမှာအမှိုက်တွေ ပိုလျှံလာတတ်ကြပါတယ်။ အမှိုက်ပုံးကိုနေ့စဉ် သန့်ရှင်းရေးလုပ်ပါ။ ကြောင်ဗီရို၊ ဟင်းခတ်အမွှေးအကြိုင်စင် တွေမှာ expire မဖြစ်တဲ့ပစ္စည်းတွေကို သုံးပေးပါ။ ဖြစ်နိင်လျှင် သုံးနှစ်တစ်ခါ ဗီရိုစင်များကို သန့်ရှင်းရေးလုပ်ပေးပါ။

ပထမဦးဆုံး ဝယ်လာတဲ့ပစ္စည်းများကို မသုံးခင် အရင် သင်ဝယ်ပြီးသားရှိနေတဲ့ ပစ္စည်းများကို သုံးပေးပါ။ ဥပမာ မဆလာ၊ ငရုတ်သီးမှုန့် အသစ်ဝယ်လာလျှင် လက်ကျန်အဟောင်းနဲ့ ပေါင်းထည့်ပါ။ အတတ်နိုင်ဆုံး အမှိုက်နည်းအောင်ထားပါ။ စည်သွပ်ဗူး၊ ငါးသေတ္တာ ဗူးများဝယ်ပါက ထုတ်လုပ်သော နေ့ကိုကြည့်ပါ၊ အတတ်နိုင်ဆုံးနီးစပ်သော date ကိုဝယ်ပါ။

သင်ဈေးဝယ်ထွက်ရင် ဝယ်မယ့်ပစ္စည်းများကိုအရင်ရေးချပါ။ ဆိုလိုသည်မှာ သင်ဝယ်မယ့် ပစ္စည်းထက် ပိုဝယ်မိနိုင်သာကြောင့် ဖြစ်တယ်။ ပစ္စည်းပိုဝယ်မိပါက သင့်မီးဖိုချောင်အတွက် အမှိုက်ပိုလာနိုင်ခြင်းကြောင့်ဘဲဖြစ်တယ်။ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံများကို ရေခဲသေတ္တာမှာ ထည့်ထားပေးပါ၊ လတ်ဆတ်အေးမြတဲ့ အစားအသောက်တိုင်းဟာ ကောင်းမွန်တဲ့အရသာကို ပေးစွမ်းနိုင်တာကြောင့် ဖြစ်တယ်။ ဟင်းချက်နည်းများကို အတတ်နိုင်ဆုံးသင်ယူပါ၊ ဟင်းများများချက်တတ်တဲ့လူတစ်ယောက်က ဟင်းတစ်မယ်အတွက် အဓိကလိုအပ်မယ့် ဟင်းခတ်အမွှေးအကြိုင်ကို သေချာသိတာကြောင့်ဖြစ်တယ်။ ထိုနည်းလမ်းများကို လေ့လာပါက မီးဖိုချောင်ထွက်အမှိုက်နည်းသွားမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *