မီးဖြားခ်ိန္တြင္ ဗိုက္နာ၍ တစ္ခါေအာ္တိုင္း ဒဏ္ေၾကး ၅ ေဒၚလာေပးရတဲ့ ဇင္ဘာေဘြႏုိင္ငံက ေဆးရံု

ဇင္ဘာေဘြႏုိင္ငံဟာ အာဖရိကရဲ႕ အဆင္းရဲဆံုးႏုိင္ငံတစ္ႏုိ္င္ငံျဖစ္ျပီး ဇင္ဘာေဘြရဲ႕ေဆးရုံမွာ မီးဖြားတဲ့အခါ ဗိုက္နာ၍ တစ္ခါေအာ္လွ်င္ ၅ ေဒၚလာဒဏ္ေၾကးသတ္မွတ္ထားေၾကာင္း သိရွိရပါတယ္။ ႏိုင္ငံရဲ႕ ၆၂ ရာခိုင္ႏႈန္းေသာ မိခင္သည္ေတြဟာ မီးဖြားတိုင္းမွာ ေဆးရံုကို ဒဏ္ေၾကးေပးေဆာင္ဖူးေၾကာင္း ႏို္င္ငံတစ္ကာ ပြင့္လင္းျမင္သာ အဖြဲ႕အစည္းရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

မီးဖြားခ်ိန္မွာ ေအာ္တဲ့ အသံဟာ ေဆးရံုကို လြဲမွားေစေသာ အခ်က္ျပ အသံျပဳတယ္လို႕ ယူဆတဲ့အတြက္ ဒဏ္ေၾကးသတ္မွတ္ထားတာ ျဖစ္ေၾကာင္း ဆိုပါတယ္။ ဒါေပမယ့္ ဒီအခ်က္ဟာ မီးဖြားကိုယ္၀န္သည္မ်ားေတြဆီကေန ပိုက္ဆံလိမ္ယူတာ ထင္ရွားေနေၾကာင္း ေဖာ္ျပေနပါတယ္။ ဇင္ဘာေဘြႏုိင္ငံရွိ လူတစ္ဦးခ်င္းဆီရဲ႕ ၀င္ေငြဟာ တစ္ႏွစ္ကို ေဒၚလာ ၁၅၀ ၀န္းက်င္ေလာက္သာ ၀င္ေငြရွိတာ ျဖစ္ျပီး ေဆးရံုကို ပုိ႕ေဆာင္ခ တစ္ခုတည္းတင္ ေဒၚလာ ၅၀ ေပးရတာ ျဖစ္ပါတယ္။

အကယ္၍မ်ား ကိုယ္၀န္သည္ မိခင္ေတြဟာ ေအာ္ထားတဲ့ အၾကိမ္အေရအတြက္အတိုင္း ပိုက္ဆံမေပးႏုိင္ရင္ ေဆးရံုမွာ အက်ယ္ခ်ဳပ္ သေဘာနဲ႕ ေနရတာျဖစ္ျပီး ေနထိုင္ေရးအတြက္ပါ အတိုးႏႈန္းေတြ ပိုမိုမ်ားလာပါတယ္။ မိသားစုက လာမေပးႏုိင္ရင္ အတိုးႏႈန္းတစ္ရက္နဲ႕ တစ္ရက္ ပိုမိုမ်ားျပားလာတာ ျဖစ္တဲ့အတြက္ ဇင္ဘာေဘြႏုိင္ငံမွာ ကေလးေမြးတဲ့အခါ အိမ္မွာဘဲ ေမြးေလ့ရွိပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ႏိုင္ငံတစ္ကာ က်န္းမာေရးေထာက္ပံ့မႈ အေျခအေန ထုတ္ျပန္ခ်က္အရ ဇင္ဘာေဘြႏုိင္ငံဟာ တစ္ရက္ကို မိခင္ ၈ ေယာက္ႏႈန္းနဲ႕ ေန႕စဥ္ေသဆံုးေနတယ္လို႕ သိရပါတယ္။

NGO အဖြဲ႕အစည္းေတြနဲ႕ ဇင္ဘာေဘြ က်န္းမာေရး၀န္ၾကီးဌာနကို ခ်ိတ္ဆက္ျပီး ကူညီမည့္ အစီအစဥ္မ်ား ေဆာင္ရြက္ခဲ့ေသာ္လည္း အစိုးရဌာမွ မည္သည့္အရာမွ ပူးေပါင္းကူညီျခင္း မျပဳလုပ္ခဲ့ဘူးလို႕ သိရပါတယ္။

Unicode: မီးဖွားချိန်တွင် ဗိုက်နာ၍ တစ်ခါအော်တိုင်း ဒဏ်ကြေး ၅ ဒေါ်လာပေးရတဲ့ ဇင်ဘာဘွေနိုင်ငံက ဆေးရုံ

ဇင်ဘာဘွေနိုင်ငံဟာ အာဖရိကရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဇင်ဘာဘွေရဲ့ဆေးရုံမှာ မီးဖွားတဲ့အခါ ဗိုက်နာ၍ တစ်ခါအော်လျှင် ၅ ဒေါ်လာဒဏ်ကြေးသတ်မှတ်ထားကြောင်း သိရှိရပါတယ်။ နိုင်ငံရဲ့ ၆၂ ရာခိုင်နှုန်းသော မိခင်သည်တွေဟာ မီးဖွားတိုင်းမှာ ဆေးရုံကို ဒဏ်ကြေးပေးဆောင်ဖူးကြောင်း နိုင်ငံတစ်ကာ ပွင့်လင်းမြင်သာ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မီးဖွားချိန်မှာ အော်တဲ့ အသံဟာ ဆေးရုံကို လွဲမှားစေသော အချက်ပြ အသံပြုတယ်လို့ ယူဆတဲ့အတွက် ဒဏ်ကြေးသတ်မှတ်ထားတာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ မီးဖွားကိုယ်ဝန်သည်များတွေဆီကနေ ပိုက်ဆံလိမ်ယူတာ ထင်ရှားနေကြောင်း ဖော်ပြနေပါတယ်။ ဇင်ဘာဘွေနိုင်ငံရှိ လူတစ်ဦးချင်းဆီရဲ့ ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၁၅၀ ဝန်းကျင်လောက်သာ ဝင်ငွေရှိတာ ဖြစ်ပြီး ဆေးရုံကို ပို့ဆောင်ခ တစ်ခုတည်းတင် ဒေါ်လာ ၅၀ ပေးရတာ ဖြစ်ပါတယ်။

အကယ်၍များ ကိုယ်ဝန်သည် မိခင်တွေဟာ အော်ထားတဲ့ အကြိမ်အရေအတွက်အတိုင်း ပိုက်ဆံမပေးနိုင်ရင် ဆေးရုံမှာ အကျယ်ချုပ် သဘောနဲ့ နေရတာဖြစ်ပြီး နေထိုင်ရေးအတွက်ပါ အတိုးနှုန်းတွေ ပိုမိုများလာပါတယ်။ မိသားစုက လာမပေးနိုင်ရင် အတိုးနှုန်းတစ်ရက်နဲ့ တစ်ရက် ပိုမိုများပြားလာတာ ဖြစ်တဲ့အတွက် ဇင်ဘာဘွေနိုင်ငံမှာ ကလေးမွေးတဲ့အခါ အိမ်မှာဘဲ မွေးလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံတစ်ကာ ကျန်းမာရေးထောက်ပံ့မှု အခြေအနေ ထုတ်ပြန်ချက်အရ ဇင်ဘာဘွေနိုင်ငံဟာ တစ်ရက်ကို မိခင် ၈ ယောက်နှုန်းနဲ့ နေ့စဉ်သေဆုံးနေတယ်လို့ သိရပါတယ်။

NGO အဖွဲ့အစည်းတွေနဲ့ ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီးဌာနကို ချိတ်ဆက်ပြီး ကူညီမည့် အစီအစဉ်များ ဆောင်ရွက်ခဲ့သော်လည်း အစိုးရဌာမှ မည်သည့်အရာမှ ပူးပေါင်းကူညီခြင်း မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

 

Leave a comment

Your email address will not be published.